• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ဖယ်ဒရယ် စနစ်အတွက် ဖွဲ့စည်းပုံ ပြင်ရန်လို

by ခင်ဦးသာ
9 November 2012
in Ethnic Issues
A A
ဖယ်ဒရယ် စနစ်အတွက် ဖွဲ့စည်းပုံ ပြင်ရန်လို

ဖက်ဒရယ် ဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၂ ကို အခြေခံ၍ ရေးဆွဲပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌက လမ်းညွှန် ထားသည် (ဓာတ်ပုံ- Reuters)

6.4k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား တန်းတူရေးအတွက် ဖက်ဒရယ် စနစ်ကျင့်သုံးမည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်များကို ပြင်ဆင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်မလိုဘဲ ဖက်ဒရယ် ပြည်ထောင်စုစနစ် ကျင့်သုံးနိုင်မည့် ဥပဒေ မူကြမ်းတခု ရေး ဆွဲရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ကိုယ်စားလှယ် တချို့ကို တာဝန်ပေးခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသား ခေါင်းဆောင်များက အထက်ပါ အတိုင်း တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
27
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
166
ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိမ်နေ (ရုပ်/သံ)

16 May 2025
28

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်နှင့်ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဒေါ်နန်းဝါနုတို့အား တာဝန် ပေးထားကြောင်း သိရသည်။

အသစ်ရေးဆွဲမည့် ဥပဒေကြမ်းသည် ဖက်ဒရယ် ဥပဒေကြမ်းဟူ၍ အတိအကျ မဟုတ်သော်လည်း ဖက်ဒရယ် ကိုယ်စားပြု မည်ဖြစ်ကြောင်း၊ ဦးတီခွန်မြတ် ယခင်က တင်သွင်းထားသည့်အဆိုနှင့်၎င်း ကိုယ်တိုင်တင်သွင်းခဲ့ သော အဆိုတို့အပေါ် အခြေ ခံ၍ ရေးဆွဲရန် ဖြစ်ကြောင်း ဒေါ်နန်းဝါနုက ဧရာဝတီ ကို ပြောသည်။

“ပြည်နယ် အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်ဖို့ အဆိုတခု ကျမ တင်ခဲ့တာနဲ့ ဦးတီခွန်မြတ် တင်သွင်းထားတဲ့ တိုင်းရင်းသား အခွင့်အရေး ရရေး အဆိုတွေ အပေါ် အခြေခံပြီး ရေးဆွဲမှာပါ”ဟု ၎င်းက ဆိုသည်။

ဦးတီခွန်မြတ်သည် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ “တိုင်းရင်းသား လူမျိုးများ၏ အ ခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေ တရပ်ပြဌာန်းရေး” အဆိုကို ဇူလိုင်လ တွင် တင်သွင်းခဲ့သေးသည်။

၎င်း၏ အဆိုသည် စာပေနှင့်ယဉ်ကျေးမှုကိုသာ အခြေခံတင်သွင်းခဲ့ပြီး၊ တိုင်းရင်းသား အားလုံးအတွက် အဓိကျ အရေးပါသည့် တန်းတူရေး၊ ဥပဒေ ပြုရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စသည်တို့ ပါဝင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသား အများစုက နှစ်သက်မှု မရှိကြကြောင်းလည်း ဝေဖန်မှုများ ရှိခဲ့သည်။

ဖက်ဒရယ် ဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇယား ၂ ကို အခြေခံ၍  ရေးဆွဲပေးရန် သူရ ဦးရွှေမန်းက လမ်းညွှန်ထားကြောင်း သိရသည်။ ဇယား ၂ တွင် ပြည်နယ်၊ တိုင်းဒေသ အစိုးရတို့ အား ဥပဒေပြု ရေးအ တွက် လုပ်ပိုင်ခွင့် တချို့ပေးထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေ ကိုယ်တိုင်က လုပ်ပိုင်ခွင့် မရှိလို့ဘဲ ပြင်ဆင်ရေးဆွဲပေးဖို့ ကြိုးစားနေကြတာပါ၊ အဲဒီအပေါ်မှာ ထပ်ပြီး အခြေခံ ရေးဆွဲမယ်ဆိုတော့ ဘာမှထူးမှာ မဟုတ်ဘူး”ဟု ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ် က ဧရာဝတီ ကို ပြော သည်။

ဖွဲ့စည်းပုံ၏ ဇယား ၂ ၌ ပြည်နယ်၊ တိုင်းဒေသ အစိုးရများအတွက် ဥပဒေပြုရေး ကိစ္စတချို့သာ ပါဝင်ကြောင်း၊ ထို ဇယားကို အခြေခံရုံနှင့် ဖက်ဒရယ်မူ ဖြစ်မလာနိုင်ကြောင်း၊ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များ ကို နိုင်ငံတော် သမ္မတ မှ တိုက်ရိုက် ခန့်အပ်သည့်ကိစ္စနှင့်တခြား သော ပြင်ဆင်စရာ အချက်အလက် များစွာ ရှိသေးကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD )ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။

ပြည်နယ်၊ တိုင်း အစိုးရ ဖွဲ့စည်းရာတွင်လည်း ထိုဒေသ၌ အများစု ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံရေး အဖွဲ့အစည်း များအနေဖြင့် အစိုးရ ဖွဲ့ခွင့်မရကြောင်း၊ ထို့အတူ ဒေသတွင်းထွက်ကုန် သဘာ၀ သယံဇာများနှင့် ပတ်သက်၍ လည်း အပြည့် အ၀ စီမံလုပ်ဆောင်ပိုင်ခွင့် မရှိခြင်း စသည့်အချက်များကို  ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်သေးကြောင်း ၎င်း က ဆက်ပြော သည်။

“ဇယား ၂ မှာပါတာက၊ ဥပမာ- စည်ပင် အခွန်ကောက်ခွင့်တို့၊ သတ္တုဆိုလည်း ရှာဖွေခွင့်၊ တူးဖော်ခွင့် မရှိဘဲ ခွဲစိပ်ခွင့် လို့သာ ရေးထားတော့ ဘာမှ မယ်မယ်ရရ လုပ်ပိုင်ခွင့်ပေးထားတာမျိုး မရှိဘူး”ဟု ဦးအေးသာအောင် က ဆိုသည်။

ဥပဒေသစ် ရေးဆွဲမည့်အစား ၂၀၀၈ ဖွဲ့စည်းပုံ ၏ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှု မရှိသည့် အကြောင်းအရာများ၊ အားနည်းချက် များကိုသာ ပြင်ဆင်ရေးဆွဲ သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။ ဥပဒေပြုရေး လွှတ်တော် အနေဖြင့် လည်း  တိုင်းရင်းသား အရေး၊ ဒီမိုကရေစီ အရေးကို တကယ်ဆောင်ရွက်လိုပါက ပြင်ဆင်စရာ ဥပဒေများကိုသာ လုပ်ဆောင် ပေး သင့်ကြောင်း ပြောသည်။

စစ်မှန်သည့် ဖက်ဒရယ် စနစ်ဖြစ်ပေါ်ရေး အတွက် ၂၀၀၈ ဖွဲ့စည်ပုံ၏ အချက်တချို့ကို ပြင်ဆင်နိုင်ရန် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်များ၊ တိုင်းရင်း လက်နက်အဖွဲ့အစည်းများ စသည်တို့ က အလေးပေး လုပ်ဆောင်နေချိန် တွင်  အသစ်ရေးဆွဲမည့် ဥပဒေကြမ်း ကိစ္စ ပေါ်လာခြင်း ဖြစ်သည်။

ယခုလ အတွင်း ကျင်းပမည့် ရှမ်းတိုင်းရင်းသား ပေါင်းစုံပါဝင်သော ညီလာခံ တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စစ်မှန် သည့် ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး ကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီက တရားဝင် ပြောဆိုထားသည်။

ထို့အတူ ဖက်ဒရယ်ကိစ္စနှင့်ပတ်သက်၍ မိတ်ဆွေ ၁၀ ပါတီနှင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံးစဉ်ကလည်း ဆွေးနွေးခဲ့ကြသေးသည်။ ဖက်ဒရယ် စနစ်တည်ဆောက်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စသည် လည်း လွှတ်တော်ကသာ ဆောင်ရွက်နိုင်ကြောင်း ဦးအောင်မင်း က ပြောဆို ထားသည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

ဟိုတယ်ခန်းက မလောက်၊ ဝန်ဆောင်မှုက ညံ့

ဟိုတယ်ခန်းက မလောက်၊ ဝန်ဆောင်မှုက ညံ့

Please login to join discussion
No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate