စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုတွင် ဗဟိုပြု၍ ယမန်နေ့က ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦး၊ ပျောက်ဆုံးနေသူ ၃၆ ဦးရှိကြောင်းရှိကြောင်း သိရသည်။ စေတီနှင့်ရုပ်ပွားတော် ၈၉ ဆူ၊ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ လူနေအိမ် ၃၀၊ ဈေးဆိုင်နှင့် ဆေးရုံ ၈ ခု ပျက်စီးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။