သတင်းတို

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာက လေ့လာသူအဖြစ် ပါမည်

This article has been converted from Zawgyi One to Unicode

အမေရိကန်-ထိုင်း Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာက စောင့်ကြည့်လေ့လာသူအဖြစ် ပထမဆုံးအကြိမ် ပါဝင်နိုင်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။ ယင်းသို့ လေ့လာသူအဖြစ် ပါဝင်ခွင့်ပြုခြင်းသည် အမေရိကန်သမ္မတ အိုဘားမား သမ္မတ ဒုတိယသက်တမ်းနိုင်ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာပါဝင်နိုင်ရေး အတွက် ထိုင်းက တိုက်တွန်းအားပေးမှုများ ရှိခဲ့သည်။

Loading