PepsiCo နိုင်ငံတကာ ကုမ္ပဏီ ဟာ မြန်မာနိုင်ငံကို ပြည်ပမှ တင်သွင်းရသည့် ပက်ဆီ ကုန်ပစ္စည်းများအား အစားထိုး ကာ မြန်မာပြည်တွင်း၌သာ ပုလင်း၊ ဗူးသွပ်သွင်း ထုတ်လုပ်နိုင်ရေး ဆိုင်ရာ သဘော တူညီမှု လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ် ဖော်ဆောင်နေကြောင်း အဆိုပါ ကုမ္ပဏီ၏ အကြီးတန်း တာဝန်ခံ တဦးက ပြောကြားလိုက်သည်။ ကုမ္ပဏီ၏ အာရှ၊ အရှေ့အလယ်ပိုင်နှင့် အာဖရိက ဆိုင်ရာ အရာရှိချုပ် Saad Abdul- Latif က ရှန်ဟိုင်းတွင် ကုမ္ပဏီ၏ သုတေသန စင်တာဖွင့်ပွဲ အခမ်းအနားတွင် ထိုကဲ့သို့ သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်သည်။ လတ်တလော မြန်မာပြည်တွင်းသို့ ပြည်ပတွင် ထုတ်ပိုးပြီး ကုန်ပစ္စည်းများကို တင်သွင်းပြီး ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။