အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားပြီး ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီးဖြစ်သော ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ဝင် အချို့ အိန္ဒိယ နိုင်ငံဖက်မှ တရားမဝင်မှောင်ခိုပစ္စည်းတင်သွင်းမှုဖြင့် တီးတိန်မြို့နယ် အစိုးရ အာဏာပိုင်များက ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလ ၉ ရက်နေ့က CNF အဖွဲ့မှ ရိဒ်မြို့နယ်ခွဲ စီးပွားရေး ရုံး ဒုတာဝန်ခံ ဦးပီတာ ၏ အဖွဲ့ဝင်များမောင်းနှင်လာသော ယာဉ် ၈ စီးအား စစ်ဆေးရာ အိန္ဒိယနိုင်ငံထုတ် ကွမ်းစား ဆေးမွှေးဗူးပေါင်း ၂၀၉၁၆၀ ဗူး၊ စုစုပေါင်းတန်ဘိုး ကျပ် ၁၅၆,၄၈၈,၄၀၀ နှင့် သင်းခွေချပ် အခွံ ၁၇၁.၂၅ ပဿာ တန်ဘိုး ကျပ် ၆၈,၅၀၀,၀၀၀ တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ဦးပီတာ နှင့် ပါဝင်နေသူ ၉ ဦးအား သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ဖမ်းဆီး ရမိထားသော ဆေးမွှေးဗူးများကို တီးတိန်မြို့နယ် အကောက်အခွန် ဦးစီးဌာနနှင့် သင်းခွေချပ်အခွံများကို မြို့နယ် သစ်တောဦးစီးဌာနသို့ ရဲအဖွဲ့ကလွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။