သတင်းတို

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း UNHCR ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းတွင် အရေးတကြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်မှုများ တိုးမြင့်နေပြီး အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ထွက်ပြေးလာသော ဒုက္ခသည်များအတွက် နယ်စပ်များ ဖွင့်ထားကြရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ဘင်္ဂလား ပင်လယ်အော်အတွင်း ထွက်ပြေးလာသည့် လှေ ၂ စီး နစ်မြုပ်ကာ မွတ်စလင် ဒုက္ခသည် ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးပြီးနောက် UNHCR ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒေသတွင်း နိုင်ငံများအနေဖြင့် တိုးမြင့် လိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီများ ပေးရေး ပါဝင်ကူညီကြပါရန် UNHCR က မေတ္တာရပ်ခံထားသည်။

Loading