• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကူညီရန် နိုင်ငံတကာအဖွဲ့များ ကမ်းလှမ်း

by ကျော်ခ
14 November 2012
in သတင်း
A A
ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကူညီရန် နိုင်ငံတကာအဖွဲ့များ ကမ်းလှမ်း

ရွှေဘိုငလျင် ဒုက္ခသည် တချို့ (ဓာတ်ပုံ - နန်းသီရိလွင် / ဧရာဝတီ)

5.4k
VIEWS
Share on FacebookShare on Twitter

ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ အကူအညီပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများက ကမ်းလှမ်းလာကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောသည်။

လူသားချင်း စာနာမှု အကူအညီများပေးရန် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာအကူ အညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ဆက်သွယ်လာခြင်းဖြစ်သည်ဟု ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
150
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
36

“UNHCR၊ UNDP၊ UNOCHA တို့ အာစီယံအဖွဲ့တချို့နဲ့ ဂျပန်က အဖွဲ့တချို့ကနေပြီးတော့ ဘယ်လို အကူအညီတွေပေးရမလဲ၊ ဘာတွေ လုပ်ပေးရမလဲဆိုပြီးတော့ ကမ်းလှမ်းနေကြတာပေါ့။ ကျနော်တို့ကတော့ စာရင်းဇယားတွေ ငြိမ်အောင် စောင့်နေတယ်၊ ပြီးရင် ပြောပါ့မယ်ဆိုပြီးတော့ အကြောင်းပြန်ထားတယ်” ဟု ဦးစိုးအောင်က ဆိုသည်။

ငလျင်လှုပ်ခတ်မှုတွင် ထိခိုက်ပျက်စီးခဲ့သော နေရာဒေသများသို့ အစိုးရတာဝန်ရှိသူများ အနေဖြင့် ကွင်းဆင်း လေ့လာခဲ့ကြပြီး ထိုဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များကို အစိုးရသတင်းစာများမှတဆင့် တရားဝင် ဖိတ်ခေါ်လျက်ရှိသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ယခုလ ၁၁ ရက်နေ့က ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုတွင် စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဉ့်ကူး၊ ကျောက်ဆည်၊ သပိတ်ကျင်း စသည့်မြို့များရှိ စေတီပုထိုး၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ ပျက်စီးခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများအတွက် အစိုးရနှင့် ပြည်တွင်း၊ ပြည်ပ အကူအညီများဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် အစိုးရသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် ရန်ကုန်မြို့၌ ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်း ရေးဆွဲကြမည်ဖြစ်ကြောင်း သိရသည်။

“လူထုအတွက်ပေါ့နော်၊ ပြိုကျပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည်တည်ဆောက်ပေးဖို့ ပုံစံတွေ ဒီဇိုင်းထုတ်နေတာပေါ့၊ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ပြိုပျက်သွားတဲ့ အဆောက်အအုံတွေကို မနေ့က ကျနော်တို့ ကြည့်တဲ့အခါကျတော့ အင်ဂျင်နီယာတွေရဲ့ အယူအဆတွေ တော်တော်လေး အားနည်းတာကို တွေ့ခဲ့ရတယ်” ဟု ဦးစိုးအောင်က ပြောသည်။

ငလျင်အန္တရာယ်နှင့် အပျက်အစီး ဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရာတွင် အထောက်အကူ ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ ငလျင်ကော်မတီ အဖွဲ့ဝင်များကိုလည်း ကွင်းဆင်းဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်လိုက်ရာ ယနေ့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီး ၃ ရက်မြောက်နေ့အထိ အစိုးရ၏ စစ်တမ်းကောက်ယူမှုများအရ ငလျင်လှုပ်ခတ်မှုတွင် စုစုပေါင်း ၁၆ ဦး သေဆုံးကြောင်း စစ်ကိုင်းတိုင်းတွင် ၇ ဦး သေဆုံးပြီး မန္တလေးတိုင်းအတွင်း၌ ၉ ဦး ဖြစ်ကြောင်း၊ ရတနာသိဠင်္ဃ ဧရာဝတီ မြစ်ကူးတံတား စီမံကိန်းတွင် ရေထဲကျ၍ ပျောက်ဆုံးနေသူမှာ ၅ ဦး ရှိကြောင်း ဦးစိုးအောင်က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် နေအိမ် ၂၀၁ လုံး၊ ဝန်ထမ်းအိမ်ရာ ၅၅ လုံး၊ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ ဘုရားဈေတီပုထိုး ၄၅ ဆူ၊ ဆေးရုံ ဆေးပေးခန်း ၁၃ ခု၊ ရတနာသိင်္ဃတံတား တည်ဆောက်ရေး ဆိပ်ခံဗောတံတား ၁ ခုနှင့် ထရန်စဖော်မာ ၅ လုံး ပျက်စီးခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည်။

သို့သော်လည်း လူအသေအပျောက် စာရင်းနှင့် ပတ်သက်၍ ကြက်ခြေနီ အဖွဲ့အစည်းများ နိုင်ငံတကာ ဖက်းဒရေးရှင်း (IFRC) က စစ်ကိုင်းတိုင်း ရွှေဘို ဗဟိုပြု ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၆ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၂၃၁ ဦးအထိရှိသည်ဟု ထုတ်ပြန်ကြေညာထားသည်။

ယခုအခါ ထိုဒေသတွင်လည်း နောက်ဆက်တွဲ ငလျင်ငယ်များ နေ့စဉ် လှုပ်ခတ်မှုရှိနေသဖြင့် နောက်ထပ် ငလျင်ကြီးများ ထပ်ပေါ်လာမည်ကို ဒေသခံများမှာ စိုးရိမ် ထိတ်လန့်မှုများရှိနေကြောင်း၊ ပုံမှန်အလုပ် အကိုင်များ သွားလာလုပ်ကိုင်ရန် အတွက်လည်း စိုးရိမ်နေကြကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“လူတွေကတော့ နောက်ထပ် လှုပ်လာမှာ ကြောက်နေကြတာပေါ့ဗျာ၊ အခုဆို အလုပ်ပျက်အကိုင်ပျက်၊ စလှုပ်တဲ့ နေ့တုန်းကဆိုလည်း အားလုံးကြောက်ကြတာပေါ့။ အတွေ့အကြုံကလည်းမရှိ ကြုံမှမကြုံဖူးကြတာ ဆိုတော့လေ၊ လှုပ်တဲ့ အချိန်က ကြောက်လို့ ကုန်းရုန်းထလည်း မရဘူး၊ လုံးဝပြန်လဲတာပဲ ဒူးတွေဘာတွေကို ပွန်းတယ်” ဟု သပိတ်ကျင်း ဒေသခံ ဦးမောင်စိန်က ပြောသည်။

သပိတ်ကျင်းမြို့ခံ ကိုဇော်မိုးထက်က “စာသင်ကျောင်းတွေကတော့ ဒီမြို့ပေါ်ကကျောင်းတွေရော ရွာတွေက ကျောင်းတွေရော အကုန်လုံး ပိတ်ထားရတာ၊ ပြန်မဖွင့်သေးဘူးလေ၊ ငလျင်ကလည်း ခုချိန်ထိကို တနားရီခြား၊ နှစ်နာရီခြားတခါလှုပ်နေတော့လေ၊ အဲလိုလှုပ်တော့ အရင်လှုပ်တဲ့ ဒဏ်နဲ့ အက်နေတဲ့ အဆောက်အဦးတွေတောင် ပြိုပြိုသွားတယ်၊ စိတ်မချရသေးဘူး” ဟု ဆိုသည်။

လတ်တလောတွင် ငလျင်ဒဏ်ကြောင့် အိုးအိမ်ပျက်စီးခဲ့သူများနှင့် စိတ်ချရမှု မရှိသေးသော အဆောက်အုံများတွင် နေထိုင်သူများကို ကွင်းပြင်များတွင် ယာယီတဲများ ဆောက်လုပ်ပေး၍ လူမှုကူညီရေး အသင်းများ အပါအဝင် ဒေသဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီအချို့က အစားအသောက်နှင့် အဝတ်အထည်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ငလျင်ဒဏ်ခံခဲ့ရသူများအတွက် နိုင်ငံရေး ပါတီကြီးများကလည်း အကူအညီပေးနေရာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြား ချက်ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျပ် သိန်း ၁၀၀ လှူဒါန်းသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ဒေသဆိုင်ရာ ပါတီတာဝန်ရှိသူများနှင့် ကွင်းဆင်း ကူညီပေးလျက်ရှိကြောင်း သိရသည်။

“သက်ဆိုင်ရာ နေရာတွေမှာရှိနေတဲ့ ကျနော်တို့ ပါတီအဖွဲ့ဝင်တွေကတော့ သွားရောက်ကူညီမှုတွေတော့ ရှိနေပါတယ်၊ လိုအပ်မှုတွေ ရှိလာရင်တော့ ဗဟိုကို တင်ပြလာကြပါလိမ့်မယ်၊ ဗဟိုကို တင်ပြလာရင်လည်း ဝိုင်းစဉ်းစားပြီး အကူအညီတွေ အတွက် လုပ်ပေးမှာပါ” ဟု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။

၂၀၁၁ ခုနှစ်မတ်လပိုင်းကလည်း ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ပြင်းအား ၇ ရစ်ချ်စတာ စကေးရှိ တာလေငလျင် လှုပ်ခတ်ခဲ့ရာ လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

Your Thoughts …
Tags: AidNatural Disaster
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

“ငလျင် အချိန်မရွေး လာနိုင်တယ်”

“ငလျင် အချိန်မရွေး လာနိုင်တယ်”

by ဧရာဝတီ
13 November 2012
11.4k

လတ်တလော ရွှေဘိုငလျင်၊ အတိတ်တွင် လှုပ်ခဲ့သော ငလျင်များနှင့် ဖြစ်ပေါ်လာနိုင်ခြေရှိသော ငလျင်များ အကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဧရာဝတီက တွေ့ဆုံမေးမြန်း ထားပါသည်။

ငလျင်, စစ်ကိုင်းပြတ်ရွေ့, သပိတ်ကျင်း

စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ မြင့်မားဟုဆို

by မန်းသားလေး
24 September 2013
5.9k

စက်တင်ဘာလ ၂၀ရက်နေ့ သပိတ်ကျင်း မြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ အဆင့်၊ အင်အား ရစ်ခ်ျစကေး ၅ အဆင့်၊ အင်အားရစ်ခ်ျစကေး ၅ ဒသမ ၄ အဆင့်ရှိ ငလျင်...

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ

ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၇၀၀ ခန့်ရှိ

by နန်းသီရိလွင်
12 November 2012
8.6k

အပေါ်အောက် လှုပ်တဲ့အချိန်မှာ တံတားပေါ်က ဆောက်လက်စ တာဝါတိုင်က လေးပေလောက် အပေါ်ကို မြောက်တက် သွားပြီး မြစ်ဘက်ကို ပြုတ်ကျသွားတာ။ အဲဒီမှာ ကျနော်တို့ အလုပ်သမား တွေလည်း ပြုတ်ကျကုန် တာပဲ”

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

ကလောရွှေတွင်းပြိုမှု ၁၇ ဦးသေ၊ ၈ ဦးပျောက်ဆုံးနေဆဲ

by မေစစ်ပိုင်
20 May 2013
4.5k

ဧရာဝတီ သတင်းဌာနက ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့သော အာရှကမ္ဘာမြေပိုင် ရွှေတောဒေသသို့ သွားရောက် သတင်းယူစဉ် ရွှေတွင်း ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၈ ဦးရှိကြောင်း

ထွန်းမြင့်နိုင်, စတီဗင်လော, လှည်းတန်းစင်တာ, လောစစ်ဟန်, မေခလမ်း,ဗိုလ်ချုပ်ကြီး နေဝင်း

သူ့အရပ်နဲ့ သူ့ဇာတ် (၂)

by အောင်ဇော်
13 September 2014
3.8k

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ရန် အလွန် စိတ်အား ထက်သန်နေသည် ဆိုပါက နောက်ကြောင်း မရှင်းသူများနှင့် လက်ဆွဲနှုတ်ဆက်ရန် အလေ့အကျင့် ရှိရပေမည်

ရွှေဘိုငလျင်ကြောင့် သမိုင်းဝင် စေတီနှင့် အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီး

ရွှေဘိုငလျင်ကြောင့် သမိုင်းဝင် စေတီနှင့် အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီး

by ရန်ပိုင်
14 November 2012
5.7k

ညွန်ကြားရေးမှူးချုပ် ဦးကျော်လွင်ဦးက ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် ရှေးဟောင်းစေတီများနှင့် ဘုန်းတော်ကြီး ကျောင်းများ၏ အပျက်အစီး စာရင်းကို စုဆောင်းဆဲ ဖြစ်သည့်အတွက် အရေအတွက် အတိအကျ မသိရသေးကြောင်း ပြောသည်။

Next Post
တမူးမြို့မှ ကျောက်ကောက်သမားများ (ရုပ်/သံ)

တမူးမြို့မှ ကျောက်ကောက်သမားများ (ရုပ်/သံ)

တမူးမြို့မှ ကျောက်ကောက်သမားများ (ရုပ်/သံ)

တမူးမြို့မှ ကျောက်ကောက်သမားများ (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate