ပြည်ထောင်စု အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေး အဖွဲ့ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သန်းသင်းက လက်မှတ်ထိုး ထုတ်ပြန်ကြေညာသည်။ “နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက်” ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါ ကြေငြာချက်တွင် သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များကို ဆက်သွယ်ရန် တယ်လီဖုန်း၊ အီးမေးလ် လိပ်စာများ ပါဝင်ခြင်း မရှိသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။