• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း

by သန်းထိုက်ဦး
15 November 2012
in သတင်း
A A
မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုမှာ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ရာဘာ ခြံတို့တွင် ဖြစ်သည် (ဓာတ်ပုံ - Reuters)

3.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦး ထူးချစ်က ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
753
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.8k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
905

“ဖမ်းတာကလည်း တကယ့် စစ်ဆင်းရေးကြီးတခုလို ရွာကို ဝိုင်းပြီးတော့ ဖမ်းတော့ လူတစ်ရာလောက် အဖမ်းခံလိုက် ရတယ်”ဟု ဦးထူးချစ်က ဧရာဝတီသို့ ပြောဆိုသည်။

ထိုင်း ရေတပ် အနေနှင့် ထလမုကျေးရွာမှ လှေများကိုပါ ကမ်းနားကပ်ခိုင်း၍ ပိတ်ဆို့ဖမ်းဆီးသည့်အတွက် ရေလုပ်ငန်းပိုင်ရှင်များကြား ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံထားရသည့် အလုပ်သမားများကိုလည်း ပြန်လွှတ်ပေးရန် ရေလုပ်ငန်းပိုင်ရှင်များ က တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

“လှေပိုင်ရှင်ဖြစ်တဲ့ ထိုင်းတွေ အကုန်လုံး ဆန္ဒပြတယ်၊ တအိမ်တယောက် ထွက်ဆိုပြီးတော့ လမ်းတွေကို ကားတွေနဲ့ ပိတ်ထား ပြီးတော့ စစ်တပ်တွေ မဝင်ရအောင် အဲဒီလောက် အထိလုပ်တာ၊ သူတို့က မြန်မာတွေကို ဖမ်းမှာစိုးရိမ်လို့”ဟု ဦးထူးချစ်က ဆက် ပြောသည်။

ဦးထူးချစ်၏ ပြောပြချက်အရ ထလမုကျေးရွာတွင် ငါးဖမ်းလုပ်ငန်း အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူ မြန်မာပြည်သားအနည်း ဆုံး ၄၀၀၀ ခန့်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများ ရှိသကဲ့သို့ အများစုမှာ တရားမဝင် နေထိုင်သူများကြောင်း ဆိုသည်။

ယနေ့ နောက်ဆုံးရရှိသောသတင်းများအရ တရားဝင် အလုပ်သမား လက်မှတ်ရှိပြီး ဖမ်းဆီးခံထားရသည့် မြန်မာပြည်သားများ ကို ပြန်လွတ်ပေးပြီး တရားမဝင် နေထိုင်သူများအတွက် ပြန်လည်လွတ်မြောက်လာရန် ထိုင်းအာဏာပိုင်များနှင့် လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

အဖမ်းခံရသည့် မြန်မာပြည်သားများကို ဖန်ငမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) အချုပ်တွင် ထိန်းသိမ်းထား သည်။

ထလမုကျေးရွာကို ဝင်ရောက် ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရသော်လည်း ရေလုပ်ငန်းပိုင်ရှင်များနှင့် ထိုင်းအာဏာပိုင်များ ကြား မြန်မာပြည်သားများက ဓားစာခံဖြစ်ခဲ့ရကြောင်း ဦးထူးချစ်က ရှင်းပြသည်။

“အမှန်ဆိုလို့ရှိရင် မှတ်ပုံတင်လုပ်ဖို့ သူဌေးတွေ ကိုယ်တိုင် အားပေးထားတယ် ဆိုလို့ရှိရင်  ဒီပြဿနာတွေ တက်လာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုမှာ ရေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရာဘာ ခြံတို့တွင် လုပ်ကိုင်ကြသည်။

အလုပ်သမားများ ဖမ်းဆီး အရေးယူမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများကို ဖမ်းဆီးပြီး နေရပ်ရင်း ပြန်ပို့မည့် အရေးယူမှု တရပ်ကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်း စတင် ပြုလုပ် မည် ဖြစ်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ပြောကြားထားသည်။

ထိုင်း အစိုးရ အနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ  နောက်ဆုံး သတ်မှတ် ပေးထားသော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို အရေးယူမှု ပြုလုပ် သွားမည်ဟု ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန  အင်တာ နက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ပြီး လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြ ဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။

Your Thoughts …
Tags: ImmigrationMigrant WorkersThai
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
လွတ်မြောက်လာသူများထဲ နိုင်ငံရေးအကျဉ်းသား မပါ

လွတ်မြောက်လာသူများထဲ နိုင်ငံရေးအကျဉ်းသား မပါ

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ဝန်ကြီးဌာနများ တရားစွဲခံရမည်

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ဝန်ကြီးဌာနများ တရားစွဲခံရမည်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate