• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သိမ်းမြေများ ပြန်မပေးလျှင် လူထုတိုက်ပွဲ ဆင်နွှဲမည်ဟု ဦးနေမျိုးဇင် သတိပေး

by ကျော်ခ
17 November 2012
in သတင်း
A A
1.2k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် လယ်သမားများထံမှ သိမ်းယူထားသည့် လယ်ဧက ၄၀၀၀ ကျော်ကို မူလပိုင်ရှင်များထံ ပြန်မအပ်ပါက သိမ်းယူခဲ့သည့် ဖိုးလမင်းကုမ္ပဏီကို လူထုတိုက်ပွဲ ဆင်နွှဲမည်ဟု မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အဖွဲ့ခေါင်းဆောင် ဦးနေမျိုးဇင်က သတိပေး ပြောဆိုလိုက်သည်။

ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်မှ အဆိုပါ လယ်မြေများကို သိမ်းယူခဲ့သည့် ကုမ္ပဏီ တာဝန်ရှိသူ ဦးကျင်ငြိမ်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငြိမ်းမြိုင်၏ ညီဖြစ်ပြီး လယ်မြေများကို ၁၉၉၅ ခုနှစ်က အခမဲ့ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့လယ်မြေများကို ပြန်ရလိုကြောင်း လယ်ပိုင်ရှင်များက ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
81
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
120
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
111

အဆိုပါလယ်မြေများ မူရင်းပိုင်ရှင်ထံ ပြန်လည်အပ်နှံရေးအတွက် ဦးကျင်ငြိမ်းကို ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှတဆင့် အကြောင်းကြားထားကြောင်း၊ အကယ်၍ ပြန်လည်အပ်နှံခြင်း မရှိပါက မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အနေဖြင့် သိမ်းဆည်းခံ လယ်သမားများနှင့် ပူးပေါင်းကာ ဆန္ဒဖော်ထုတ်သွားမည်ဟု ဦးနေမျိုးဇင်က ဧရာဝတီသို့ ပြောသည်။

“လူထုတိုက်ပွဲတွေလုပ်ဖို့ အားလုံး ပြင်ဆင်ထားပါတယ်။ တောင်သူလယ်သမားတွေကို ဦးဆောင်ပြီးတော့ တရားဝင် ဆန္ဒပြခွင့်တွေ လျှောက်ထားမယ်။ တောင်သူလယ်သမားတွေဘက်က လုံးဝ သည်းမခံနိုင်တော့တဲ့ အကြောင်းနဲ့ အင်းသူကြီးရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပြီးတော့ လူထုနည်းနဲ့ပဲ ကန့်ကွက်ဆန္ဒဖော်ထုတ်ပြီး တိုက်ပွဲဝင်သွားမှာ” ဟု ဦးနေမျိုးဇင်က ပြောသည်။

ယခုလ ၁၅ ရက်နေ့က မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် အပါအဝင် လယ်သိမ်းခံ လယ်သမားများ၊ တံငါ လုပ်သားများ ရာနှင့်ချီ၍ လယ်မြေများပြန်ရရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့်ရရေးကို တောင်းဆိုရန် ဦးကျင်ငြိမ်းအိမ်သို့ ချီတက်ခဲ့ကြရာတွင် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့ အင်အား ၅၀ ကျော်က သံဆူးကြိုးများ၊ ပစ်မိန့် စည်းများချ၍ ပိတ်ဆို့ တားမြစ်ခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ခေါင်းဆောင် ဦးနေမျိုးဇင်တို့ ဆွေးနွေးခဲ့ကြပြီး သံဆူးကြိုးကာရံထားခြင်းနှင့် ပစ်မိန့်အတားအဆီးများကို ဖယ်ရှားပေးကာ တက်ရောက် လာသူများကို ရဲတပ်ဖွဲ့မှူးက အခြေအနေများကို ရှင်းပြပြောဆိုကြောင်း သိရသည်။

ချီတက်လာသည့် ရာနှင့်ချီသော ဒေသခံများကို ရဲတပ်ဖွဲ့မှူးက “အားလုံးလာခဲ့ကြတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖိုးလမင်း ကုမ္ပဏီက လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေဟာ အခုလာခဲ့တဲ့လူတွေ၊ ရွာတွေမှာ ပိုင်ဆိုင်ခဲ့တဲ့လူတွေ ရှိခဲ့တယ်ဆိုလို့ရှိရင် ခင်ဗျားတို့ ပိုင်ဆိုင်တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီးတော့ တင်ပြလို့ရှိရင် ကုမ္ပဏီက တာဝန်ရှိတဲ့လူတွေအနေနဲ့ ပြန်လည်ပေးမယ် ဆိုတဲ့စကားကို ကျနော်ကနေ တဆင့်စကား ခင်ဗျားတို့ကို ပြန်ကြားပါတယ်။ တချက်ရှိတာက လတ်တလော ကုမ္ပဏီက မိုးစပါးစိုက်ထားတာ ရှိပါတယ်၊ ဒီအထဲမှာ ဇွတ်အတင်းဝင်ပြီးတော့ ကျဲပက်တာတွေ၊ ဖျက်ဆီတာတွေ မပြုလုပ်ဖို့ လိုပါတယ်” ဟု ပြောသည်။

လယ်သိမ်းသည်ဘက်မှ ယင်းသို့ ပြောဆိုမှုသည် လယ်ပိုင်ရှင် အများစုအတွက် ပိုင်ဆိုင်မှု အထောက်အထား စာရွက် စာတမ်းများ၊ ရှေ့နေငှားရမ်းခြင်း၊ ကျန်းကျိန်ခြင်းများအတွက် အထောက်အထား ပျောက်ဆုံးသူများနှင့် ငွေကြေး အကြပ်အတည်းများကြောင့် လယ်သမားများအနေဖြင့် အခက်ခဲများနှင့် ကြုံတွေ့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမည်ပေါက်စာရင်းများအတိုင်း ကော်မရှင်တရပ်ဖြင့် စီစစ်ကာ တရားဝင် ပြန်လည်အပ်နှံပေးရန် တိုက်တွန်းကြောင်း ဦးနေမျိုးဇင် ကပြောသည်။

“အခု သူတို့ပြောပုံအရဆိုရင် ပုံမှန်လုပ်ထုံလုပ်နည်းအတိုင်း ကြိုးနီစနစ်တွေနဲ့ မြို့ကိုလာ လျှောက်ထား၊ ကျမ်းကျိန် ရှေ့နေငှားဆိုတာတော့ မဖြစ်နိုင်ဘူး၊ နောက်ဆုံး ဖြေရှင်းရမယ့် နည်းလမ်းကတော့ ကြားဝင် ကော်မရှင် တရပ်ကနေပြီးတော့ စေ့စပ်ညှိနှိုင်းပေးရင်တော့ ပြဿနာတွေက အေးဆေးသွားလိမ့်မယ်လို့ ကျနော်ကတော့ ပြောထားတယ်” ဟု သူက ဆက်ပြောသည်။

ခနွဲကဘို ရွာခံ လယ်သိမ်းခံ လယ်သမားတဦးက “သိမ်းတုန်းက ဘာအထောက်အထားမှ တောင်းတာ မဟုတ်ဘဲနဲ့ စက်နဲ့ထိုးပြီး သိမ်းတာ၊ ပြန်ပေးရတော့မယ်ဆိုမှ ဟို အထောက်အထား ဒီအထောက်အထားနဲ့။ ကျနော်တို့မှာ ရှိပေမယ့် တချို့ အတော်များများ လယ်သမားတွေက ဂရန်တွေ မရှိတော့ဘူး။ ဒါပေမယ့် အစိုးရရုံးမှာတော့ အမည်ပေါက် စာရင်းတွေ ရှိသေးတယ်။ အဲဒီအတိုင်း ပြန်ပေးရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

လယ်များ ပြန်လည်ပေးအပ်ရေးမည့် အခြေအနေကို ကာယကံရှင် လယ်သမားများနှင့် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်တို့က စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြန်လည်အပ်နှံခြင်းမရှိခြင်း၊ ပေးအပ်ရာတွင်လည်း တရားမျှတမှု မရှိခြင်းတို့ ဖြစ်လာပါက လူထုတိုက်ပွဲ ဆင်နွှဲသွားကြမည်ဟု ဆိုသည်။

လယ်မြေများကို သိမ်းယူခဲ့သူ ဦးကျင်ငြိမ်း၏ အစ်ကိုဖြစ်သူ ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငြိမ်းမြိုင်သည်လည်း ပန်းတနော်၊ ဓနုဖြူနှင့် ညောင်တုန်း မြို့နယ်များတွင် တရားဝင် လေလံဆွဲထားသည့် အင်းပေါင်း ၉၈ ခုသာမက ချောင်းများ၊ ရေထွက်ပေါက်များမှပါ လုပ်ကိုင်နေသည့် အင်းများ ၉၀ ဝန်းကျင် ရှိသည်ဟု သိရသည်။

ယခုနှစ် စက်တင်ဘာလပိုင်းက ၎င်းပိုင်အင်းများ၊ ချောင်းများကို ရေပိတ်ထားသဖြင့် ဒေသခံတို့၏ လယ်မြေ ဧက ၇ သောင်းကျော် ရေနစ်မြှုပ်ခဲ့ပြီး သုံးမြို့နယ် ဒေသခံ ၂ သောင်းကျော်က အရေးယူ ဆောင်ရွက်ပေးရန် လက်မှတ်ထိုး၍ သမ္မတထံ တင်ပြတောင်းဆို ခဲ့ကြသေးသည်။

Youtube ပေါ်မှာ ဗီဒီယိုဖိုင် ကြည့်ရန်

Your Thoughts …
Tags: Land ConfiscationRule of Law
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post

ဒေသခံများ၏ လယ်ခင်းများကို စစ်တပ်ပိုင်မြေဟုဆိုကာ ဝင်ရိတ်သိမ်း

ဒိုက်ဦးမြို့နယ် အရက်ချက်စက်ရုံအတွက် လယ်မြေများ သိမ်းယူ

Please login to join discussion
No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate