[irrawaddy_gallery]
သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံသို့ ၆ နာရီကြာ ခရီးစဉ်အတွင်း အစဉ်အလာကြီးခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် အရေးများအထိ ကျယ်ပြန့်စွာ ပြောဆိုသွားသည်။ သမ္မတ အိုဘားမားသည် ယနေ့ညနေ ၃ နာရီ ခွဲခန့်တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားသည်။