ငွေကြေး အလွဲသုံးစားမှု ကိစ္စများနှင့်ပတ်နေသည့် နိုင်ငံပိုင် သတင်းစာများကို ရပ်ဆိုင်းပေးရန် ပြည်ထောင်စုလွှတ်တော်၌ ယမန်နေ့က တောင်းဆိုလိုက်ကြောင်း သိရသည်။ ပြန်ကြားရေး ဝန်ကြီးဌာနအတွင်း ငွေကြေးအလွဲသုံးစားမှု လုပ်ဆောင်ခဲ့ခြင်းနှင့် ယခုအခါ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလုပ်ဆောင်နေသည့်အတွက် နိုင်ငံပိုင်သတင်းစာများကို ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်ပြခဲ့သည်။ ပြန်ကြားရေး ဝန်ကြီးဌာနအတွင်း၌ ပြီးခဲ့သည့် ၄ နှစ်အတွင်း ကျပ်သိန်းပေါင်း ၂၅၀၀ ကျော် အလွဲသုံးစား လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ယခုအခါ ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်သာ ပေးသွင်းသေးကြောင်း၊ ကျန်ငွေများကို အချိန်မီ ပေးသွင်းရန် တိုက်တွန်းထားကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာ့အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူ ၃ ဦးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အရေးယူမှု ဖြစ်ပေါ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။