• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Development

အထက်ပေါင်းလောင်းဆည် ရေဝပ်ဧရိယာ အနီးရှိရွာများ မဖယ်ပေးနိုင်ဟုဆို

by ကြယ်ပြာ
21 November 2012
in Development
A A
1.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တည်ဆောက်နေသော အထက်ပေါင်းလောင်းဆည် အတွင်းသို့ ၂၀၁၃ ခုနှစ်တွင် ရေများ စတင် သိုလှောင်တော့မည်ဖြစ်ရာ ရေဝပ်ဧရိယာ အတွင်းရှိနေသော ရွာ ၂၃ ရွာကို ဖယ်ရှားပေးရမည် ဖြစ်သောကြောင့် ဒေသခံများက ငြင်းဆန် ကန့်ကွက်နေကြောင်း သိရသည်။

ယင်း ရေဝပ်ဧရိယာအတွင်း တည်ရှိသည့် ရွာပေါင်း ၂၃ ရွာမှ လူ ၈၀၀၀ ကျော်နှင့် လယ်မြေ၊ ယာမြေ ဧက ၁၂၀၀၀ ကျော် ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင် မွေတော် သုံးဆူအနေဖြင့် ထင်ရှားသော ဘုရားများတွင် ပါဝင်သည့် နှစ်ပေါင်း ၃၅၀ ကျော် သက်တမ်းရှိ မွေတော် ဘုရားလည်း ဖျက်သိမ်းရမည့် အထဲတွင် ပါဝင်နေသည့် အပြင် တန်ဖိုး မဖြတ်နိုင်သော ကယန်း၊ ပအို့ဝ် တိုင်းရင်းသား ရိုးရာအိမ်များလည်း ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
1
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
815
စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

13 June 2025
17

“မနှစ်တုန်းကတော့ ရွှေ့မယ်ဆိုရင် တအိမ် ကျပ် ၅ သောင်း ပေးမယ်လို့ လူကြီးတွေက ပြောတာပဲ၊ အခုကျတော့ လာလည်း မပေးဘူး၊ ပြောင်းဖို့ပဲ ပြောနေတယ်။ ကျနော်တို့ ဆန္ဒကတော့ ကျပ် ၅ သိန်း ပေးမယ်ဆိုလည်း မပြောင်းနိုင်ဘူး သူတို့ပေးတဲ့ ပိုက်ဆံက စားလိုက်ရင် ခဏနဲ့ ကုန်သွားပြီးတော့ တသက်လုံး အငတ်နေရမှာဗျ” ဟု ထိန်ပင်ကျေးရွာအုပ်စု ဥသျှစ်ကုန်း ကျေးရွာသား ဦးမောင်အေးက ဆိုသည်။

အဆိုပါ ပေါင်းလောင်းမြစ်ဝှမ်း တလျှောက်သည် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ပအို့ဝ်၊ ကယန်းနှင့် မြန်မာလူမျိုး များ နေထိုင်ကြကြောင်း၊ စပါးနှင့် နနွင်း စသည့် သီးနှံများ စိုက်ပျိုးကြကြောင်း၊ ပေါင်းလောင်း ချောင်းထဲတွင် ရေလုပ်ငန်း လုပ်ကိုင်သူများလည်း ရှိကြောင်း သိရသည်။

လယ်မြေများ ပြန်လည်ဖော်ထုတ်ပေးမည် ဆိုသော်လည်း မြေပြန့်၌ မဟုတ်ဘဲ တောင်ကုန်းများပေါ်တွင် ဖြစ်ရာ တောင်ကုန်းများ အလွန် မတ်စောက်ခြင်းကြောင့် ရွှေ့ပြောင်း တောင်ယာအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ရပါက အခက်ခဲများ ကြုံတွေ့လာနိုင်ကြောင်း၊ ရေလုပ်ငန်းများလည်း ရပ်ဆိုင်း သွားနိုင်ကြောင်း၊ တချို့ရွာများ နှစ်ခြမ်းကွဲသွားမည့် အနေအထားများ ရှိကြောင်း ဒေသခံများက ရှင်းပြသည်။

ပင်လောင်းမြို့နှင့် ပျဉ်းမနားမြို့အကြားသို့ ပြောင်းရွှေ့ပေးရသော ရွာများလည်း ရှိကြောင်းနှင့် ယင်းနေရာသစ် များတွင် ရေရှား ကြောင်းလည်း သိရသည်။

“တချို့ ရွှေ့လိုက်ရတဲ့ နေရာသစ်တွေမှာ ဆိုရင် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေက မူလ အရွယ်အစားထက် အဆမတန် သေးတယ်၊ အဖြစ်သဘော ပြန်ဆောက်ပေးထားမို့လို့ ဒေသခံတွေက မကျေနပ်ကြဘူး၊ ဆေးခန်းတွေ ပါမယ်သာ ပြောတယ် ဘာမှ မပါလို့ ရွာသားတွေကပဲ ကိုယ်ထူကိုယ်ထ ဆေးခန်းလေးတွေ လုပ်ထားရတယ်” ဟု ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့မှ တာဝန်ခံ ကိုလွီစီးငြိမ်းက ဧရာဝတီသို့ ပြောသည်။

ယခု တည်ဆောက်နေဆဲ ဖြစ်သော အထက် ပေါင်းလောင်ဆည် စီမံကိန်းကို ၂၀၀၅ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် ယူနန် စက်ယန္တယား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်ခြင်း ဖြစ်ကာ အင်ဂျင်နီယာ အဖွဲ့ အကြံပေးအနေဖြင့် ဂျာမနီနိုင်ငံ FOSCE ကုမ္ပဏီနှင့် ဆည်ဆောက်လုပ်ရေး နည်းပညာ ဒီဇိုင်းအား ဆွစ်ဇာလန် နိုင်ငံမှ AF – Colenco ကုမ္ပဏီ တို့က တာဝန်ယူထားသည်။

ဆည်၏ အမြင့်ကို ၁၀၃ မီတာ (၃၃၈ ပေ) နီးပါးခန့်အထိ တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ တပ်ဆင်ထားမည့် စွမ်းအားမှာ ၁၄၀ မဂ္ဂါဝပ်ဖြစ်၍ နှစ်စဉ် ကီလိုဝပ် သန်းပေါင်း ၄၃၄ ကျော် ထုတ်လုပ်သွားနိုင်မည် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် ရေ စတင်သိုလှောင်မည်ဖြစ်၍ ၂၀၁၄ ခုနှစ်တွင် ဒုတိယအဆင့်၊ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆည်ပိတ်၍ ရေအားလျှပ်စစ် စတင်ထုတ်ယူတော့မည် ဖြစ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၏ လေ့လာချက်အရ သိရသည်။

အဆိုပါ အထက် ပေါင်းလောင်းဆည် စီမံကိန်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာနထံသို့ ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေကြားပေးခြင်း မရှိခဲ့ပေ။

ယင်း ပေါင်းလောင်မြစ်၏ အောက်ဘက်ဆည်ကို ယခုဆည်တွင် ပါဝင်နေသော ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၂၀ ကျော်ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ယင်းဆည်မှ ထွက်သော လျှပ်စစ်များအား နေပြည်တော်သို့သာ ပေးပို့ပြီး ဒေသခံများအတွက် လျှပ်စစ်ရလိမ့်မည် မဟုတ်ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ တာဝန်ခံက ပြောသည်။

“ဒီလိုမျိုး ရွှေ့ခိုင်း ပြောင်းခိုင်းတာမျိုး တခါမှ မကြုံဘူးတော့ ဘယ်သွားလို့ ဘယ်တိုင်ရမှန်း မသိပါဘူး။ စပါးနဲ့ နနွင်းကလည်း ဈေးမကောင်းလို့ ဝမ်းစာတောင် ဒီနှစ်မရှိကြတာ၊ တခြားနေရာပါ ပြောင်းရဦးမယ်ဆိုတော့ ကျနော်တို့ ဘာသွား လုပ်စားရတော့မှာလဲ” ဟု သပြေကုန်း ကျေးရွာအုပ်စု ရွာမရွာသား ဦးတင်ထွန်းဝင်းက ဆိုသည်။

ရွာပေါင်း ၂၃ ရွာမှ ဒေသခံများ စုပေါင်း၍ ကော်မတီတခုဖွဲ့စည်းထားပြီး ရွာများ မပြောင်းရွှေ့ပေးရေးနှင့် ပြောင်းရွှေ့ပေးရမည် ဆိုပါက ထိုက်တန်သော လျော်ကြေး ပေးရန် တောင်းဆိုနေကြောင်း၊ ကော်မတီ အစည်းအဝေးအား ယခုလ ၂၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ကလည်း ပအို့ဝ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကူအညီပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Your Thoughts …
Tags: Dam
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်

by ခင်ဦးသာ
20 May 2013
4.5k

တရုတ်စီမံကိန်းများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ပြန်လည် ချုပ်ဆိုသင့်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ တွင်လည်း စာချုပ်များ ပြန်ချုပ်ဆိုပိုင်ခွင့် ဥပဒေကို ပြဌာန်းထားပြီး ဖြစ်ကြောင်း စသည်တို့အား တရုတ် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပေါင်းလောင်းဆည် စီမံကိန်းမလွတ်သည့် ရွာ ၂၃ ရွာ ဖယ်ပေးရတော့မည်

ပေါင်းလောင်းဆည် စီမံကိန်းမလွတ်သည့် ရွာ ၂၃ ရွာ ဖယ်ပေးရတော့မည်

by မန်းသားလေး
13 August 2012
3.2k

အထက်ပေါင်းလောင်းဆည် တည်ဆောက် ပြီးသွားသည့်အတွက် ရေ၀ပ်ဧရိယာတွင် ပါဝင်နေသော ကျေးရွာ ၂၃ ရွာကို သက်ဆိုင်ရာ အာဏာပိုင်များက ယခုလကုန် နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် နှိုးဆော်ထားကြောင်း သိရသည်။

ဟတ်ကြီး ရေကာတာ စီမံကိန်း လေ့လာခွင့်ပြုရေး KNU အစီအစဉ် ရှိ

ဟတ်ကြီး ရေကာတာ စီမံကိန်း လေ့လာခွင့်ပြုရေး KNU အစီအစဉ် ရှိ

by သန်းထိုက်ဦး
23 May 2013
5.8k

ကွင်းဆင်း လေ့လာဖို့ အတွက် သူတို့ ခွင့်တောင်းနေတယ်။ KNU ဗဟိုကလည်း သူတို့ကို ပေးမယ်လို့တော့ သဘောထား ရှိတယ်။ ကွင်းဆင်းလေ့လာဖို့ အတွက်ပဲ၊ ဆောက်လုပ်ရေး အတွက်ကိုတော့ ခွင့်မပေးဘူး

ရေအားလျှပ်စစ် စီမံကိန်း

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ နိုင်ငံတကာ အဖွဲ့များနှင့် စစ်ဆေးမည်

by မေခ
13 June 2014
2.9k

သံလွင်မြစ်ကြောင်း တလျှောက် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို နိုင်ငံ တကာ စစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးပြီးမှ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း

မြစ်ဆုံ, ရေအားလျှပ်စစ်, ကချင်, တရုတ်, မြန်မာ အစိုးရ

ဘယ်လိုနည်းနဲ့မှ ပြန်စဖို့ လက်မခံသင့်တဲ့ မြစ်ဆုံစီမံကိန်း

by သွေး (စစ်ကိုင်း)
11 January 2014
3.7k

ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီးဖြစ်သလို၊ ဒီမြစ်ကြီးကို အမှီပြုပြီး မြို့တွေထွန်းကားခဲ့၊ ကူးသန်း ရောင်းဝယ်ရေးတွေ လုပ်ဆောင်ခဲ့ကြတာပါ။ မြစ်ကြီးအစပြု စီးဆင်းတဲ့ မြစ်ဆုံ ဒေသဟာ သာယာ လှပသလို၊ ဇီဝ မျိုးစိတ်တွေ စုံလင်တဲ့ ဒေသလည်း...

ကုလားတန် စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို

ကုလားတန် စီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို

by လင်းသန့်
12 June 2013
2.1k

အိန္ဒိယ အစိုးရဘက်က အဆိုပါ အကဲဖြတ်ချက်များ၊ လူထုနှင့် ထိတွေ့မှု စသည့် လုပ်ဆောင်ချက်တချို့ တွေ့ရကြောင်း၊ သို့သော် မြန်မာအစိုးရဘက်ကမူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဒေသခံများကို ကောင်းကျိုး၊ ဆိုးကျိုးများအား အသိပေးတင်ပြမှု မရှိကြောင်း ဦးထွန်းဇော်က ပြောသည်။

Next Post
အစိုးရ ရောင်စုံ အင်္ဂလိပ်သတင်းစာ ထုတ်ဝေမှု မြန်မာတိုင်း (မ်) ကူညီ

အစိုးရသတင်းစာများ ရပ်ဆိုင်းရေး ပြည်ထောင်စု လွှတ်တော်တွင် တင်

နျူကလီးယား သဘောတူညီချက် လက်မှတ်ထိုးရန် အသင့်ဟု မြန်မာဆို

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate