• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ ကူညီမည်

by ဧရာဝတီ
22 November 2012
in သတင်း
A A
1.4k
VIEWS
Share on FacebookShare on Twitter
ယခုနှစ် အစောပိုင်းအထိ တံခါးပိတ်ထားသည့် ရန်ကုန်တက္ကသိုလ် မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက် အမေရိကန် ပြည်ထောင်စုရှိ ထိပ်တန်း တက္ကလိုလ် ၉ ခုနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။

အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က နိုင်ငံတကာ ပညာရေးအဖွဲ့ (Institute of International Education – IIE) က မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၂ ခုနှစ် နိုင်ငံတကာ ပညာရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (International Academic Partnership Program – IAPP) ၏ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာနိုင်ရေးအတွက် အဆိုပါ ချိတ်ဆက်မည့် မဏာမ အစီအစဉ်ကို ကြေညာလိုက်ခြင်း ဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
770
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
938

အမေရိကန် ထိပ်တန်း တက္ကသိုလ် ၉ ခုမှာ အမေရိကန် တက္ကသိုလ်၊ အရီဇိုးနား ပြည်နယ် တက္ကသိုလ်၊ ဘောလ် ပြည်နယ် တက္ကသိုလ်၊ ဟာဝိုင်ယီ ပစိဖိတ် တက္ကသိုလ်၊ မြောက် အီလီနွိုက်စ် တက္ကသိုလ်၊ မြောက် အရီဇိုနား တက္ကသိုလ်၊ ဆမ်ဖို့ဒ် တက္ကသိုလ်၊ မန်ဆာချူဆက် တက္ကသိုလ်နှင့် ဝါရှင်တန် တက္ကသိုလ်တို့ဖြစ်သည်။

IIE ၏ ဥက္ကဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ မစ္စတာ Allan Goodman က လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တခုကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ သွားရောက်ကာ ရက်သတ္တ တပတ်ကြာ နေထိုင်မည်ဖြစ်ကြောင်း IIE က ဧရာဝတီကို ပြောသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များတွင် ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

လာမည့် ဒီဇင်ဘာလတွင် အဆင့်မြင့်ပညာရေးဆိုင်ရာ ၂ နိုင်ငံ ညီလာခံတခုကျင်းပသွားရေးလည်း ယခု အစီအစဉ်တွင် ပါဝင်သည်။

IIE အနေဖြင့်လည်း မြန်မာ-အမေရိကန် ကျောင်းသားများ အပြန်အလှန် ပညာသင်ကြားရေး အစီအစဉ်အရ နှစ်စဉ် စာရင်းဇယားများတွင် ၂၀၁၀/၁၁ ခုနှစ် စာသင်နှစ်၌ မြန်မာကျောင်းသား ၇၉၆ ဦးသည် အမေရိကန် ပြည်ထောင်စုတွင် ပညာသင်ကြားလျှက်ရှိရာ ယမန်နှစ်ကထက် ကျောင်းသားဦးရေ ၁၄.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၂၀၀၉/ ၁၀ ခုနှစ်စာသင်နှစ်တွင် အမေရိကန်ကျောင်းသား ၁၀၀ နီးပါးသည် မြန်မာနိုင်ငံတွင် ပညာသင်ကြားလျှက် ရှိသည့်အတွက် အဆိုပါ ကိန်းဂဏန်းများသည် မြန်မာအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် ပွင့်လင်းမှုသို့ ဆက်လက်ရွေ့လျားလာသည်ကို ပြသရာ ရောက်သည်ဟု သိရသည်။

ပညာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ Thinking Classroom Foundation ဒါရိုက်တာ ဒေါက်တာ သိန်းလွင်က အမေရိကန်သမ္မတ ကိုယ်တိုင် အားပေးခြင်း၊ အမေရိကန် တက္ကသိုလ်များက အားပေးကူညီ ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် မြှင့်တင်ရေး လွှတ်တော်သို့တင်ပြမှု အောင်မြင်မှုရခြင်းစသည့် အဖက်ဖက်က စိတ်အားထက်သန် အားပေးထောက်ခံမှု ရသည့်အတွက် မြန်မာ့ပညာရေး အမြန်ဆုံး အဆင့်မြှင့်ရေး အကောင်အထည် ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ဧရာဝတီကို ပြောသည်။

“လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်းက တော်တော်လေးကို နိမ့်ကျနေတယ်” ဟု ဒေါက်တာ သိန်းလွင်က ဆိုသည်။

စာမေးပွဲအောင်ရေး ဗဟိုပြုစနစ်ဖြစ်နေသည့်အတွက် ကျောင်းသားများ အမှန်တကယ် ပညာသင်ယူမှု မရှိခြင်း၊ သင်ကြားပေးသည့် ပညာရေးကလည်း လက်တွေ့ဘဝတွင် မည်သို့မျှ အသုံးချ၍ မရခြင်း၊ ဆရာ/ဆရာမ ကျွမ်းကျင်မှု အားနည်းခြင်းနှင့် လစာမလုံလောက်ခြင်း၊ ပညာရေး အသုံးစာရိတ်သည် လက်ရှိကျောင်းသား ဦးရေ၊ ဆရာ/ဆရာမ ဦးရေနှင့် နှိုင်ယှဉ်လျှင် အလွန်နည်းပါး၍ မလုံလောက်ခြင်း စသည့် အချက်များက ပညာရေး အဆင့်အတန်း နိမ့်ကျစေသည့်အတွက် အမြန်ဆုံးပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာ သိန်းလွင်က ဆက်ပြောသည်။

နိုင်ငံတနိုင်ငံ၏ အရေးအကြီးဆုံးသော ပညာရေး အဆင့်မြှင့်တင်ရာတွင် ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရပိုင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံး ပါဝင်သည့်  ဒီမိုကရေစီနည်းကျ ပညာရေးစနစ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲရေး ဖြစ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

“ပညာရေး အဆင့်မြှင်တင်ဖို့ဆိုရင် တက္ကသိုလ်ကောင်စီက လွပ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိရမယ်။ နောက် တက္ကသိုလ် ဝင်ခွင့်မှာ ကျောင်းသားတွေကိုယ်တိုင် ရွေးချယ်တာ ဖြစ်ရမယ်” ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

သို့မှသာ ကျောင်းသားများအနေဖြင့် ကိုယ်တိုင်ရွေးချယ်ခွင့် ရသည့် ပညာရေးဖြစ်သည့်အတွက်  ကိုယ်တိုင် ကြိုးစားမည် ဖြစ်ကြောင်း၊ လက်တွေ့ဘ၀ အသုံးချနိုင်မည့် ပညာရပ်များ ပို့ချသည့်အတွက် ကျောင်းသားနှင့် နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ တခြား အခြေခံပညာရေးတွင်လည်း စာမေးပွဲဗဟိုပြု စနစ်ထက် ကျောင်းသားကိုယ်တိုင် အားထုတ်သင်ယူသည့် စနစ်ကို ကျင့်သုံးမည်ဆိုပါက ပညာရေး တိုးတက်မည်ဖြစ်ကြောင်း သူက ဆိုသည်။

“ဘတ်ဂျက်က အများကြီး တိုးဖို့လိုတယ်။ အခု ပြဌာန်းထားတာက မလုံလောက်ဘူး။ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်မှာ ကျပ် သန်းပေါင်း ၇ သိန်းလို့ ရေးထားတယ်။ အဲဒါဟာ ကျနော်တို့ဆီမှာရှိတဲ့ ကျောင်းသား ဦးရေနဲ့ နှိုင်းစာလိုက်ရင် မပြောပလောက်ဘူး” ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။

ပညာရေး ဘတ်ဂျက်သည် နိုင်ငံတော် ဘတ်ဂျက်၏ ၁၀ ရာခိုင်နှုန်းအထက် ပြဌာန်းသတ်မှတ်ရန် လိုကြောင်း၊ အမေရိကန်၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာမိသားစုတို့က မြန်မာ့ပညာရေး အကူအညီများ ပို၍ ပေးလာပါက မြန်မာ့ ပညာရေးမြှင့်တင်ရေးသည် အချိန်တိုအတွင် အကောင်းဘက်သို့ ဦးတည်လာမည်ဖြစ်ကြောင်း ဒေါက်တာ သိန်းလွင်က သုံးသပ်သည်။

ဧရာဝတီ သတင်းထောက် လာလစ် ကေဂျာ့နှင့် လင်းသန့်တို့ ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: BudgetEducationUSA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.8k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post

KNU ၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပမည်

Dateline Irrawaddy (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate