ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ၁၅ ကြိမ်မြောက် ညီလာခံကို ဘားအံရှိ တပ်မဟာ ၇ တွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ နှစ်ပတ်ကြာခန့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းဆောင်ပိုင်းအတွင်း အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ငြိမ်ချမ်းရေး ဆွေးနွေးပွဲများကို လာမည့်နှစ်တွင် ဆက်လုပ်မည်ဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားပေးကြောင်း KNU မှ အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။