ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြောင်းရွှေ့သွားသော ဝန်ကြီး ဦးကျော်ဆန်း ကိုင်တွယ်နေသည့် သမဝါယမ ဝန်ကြီးဌာနက ငွေကြေး အလွဲသုံးစားမှုနှင့် နိုင်ငံတော်ပိုင် ငွေကြေးဆုံးရှုံးမှုများ မရှိကြောင်း အစိုးရသတင်းစာတွင် ကြေညာထားသည်။ သမဝါယမ ဝန်ကြီးဌာနသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အဆောက်အုံပြင်ခြင်း၊ ရုံးသုံးပစ္စည်းဝယ်ခြင်း၊ ယာဉ်ရပ်နားရန် အဆောက်အအုံ ဆောက်ခြင်းများအတွက် သမ ပို့ကုန်/သွင်းကုန် လုပ်ငန်း အမြတ်ငွေမှ ကျပ်သန်း ၉၀ သုံးစွဲခဲ့ကြောင်း၊ သို့သော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ရေးရာတွင် ညွှန်ကြားချက်နှင့် ညီညွတ်မှုမရှိဟု တွေ့ရှိခဲ့ကြောင်း၊ ၁၉-၃-၂၀၁၂ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ရှင်းလင်းဆောင်ရွက် ပြီးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။