ရှမ်းပြည်နယ် ကျိုင်းတုံမြို့အဝင် နောင်နွန်း စစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ မောင်းနှင်လာသော လိုက်ထရပ်ကားပေါ်မှ စနိုက်ပါတပ် (အမျိုးအစား စိစစ်ဆဲ) သေနတ် ၆ လက်၊ အမ် ၇၉ သေနတ် ၂ လက်၊ ဝင်ချက်စတာ ၆ လက်၊ ၉ မမ ပစ္စတို ၄ လက်နှင့် ကျည်အတောင့် ၁ ထောင်၊ ၇.၆၂ ကျည် ၂၃၃ တောင့်၊ ပွိုင့် ၂၂ ကျည် အတောင့် ၅၀၀၊ အသံတိတ် ကိရိယာ ၂ ခု၊ ငွေ ၄၃၈၅၀၀ ကျပ်၊ မြန်မာ မိုဘိုင်းဖုန်း ၁ လုံးနှင့် ထိုင်း မိုဘိုင်းဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍ ကားပိုင်ရှင်နှင့် ယာဉ်မောင်းအပါဝင် ၅ ဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။