တခြား အစိုးရများက မြန်မာနိုင်ငံကို ယခင်စစ်အစိုးရ သတ်မှတ်ခေါ်ဝေါ်ခဲ့သည့် အတိုင်း “Myanmar” ဟု သုံးနှုန်းနေခြင်း အပေါ် စိတ်ပျက်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ “မြန်မာပြည်သူတွေက သူတို့ခေါ်စေချင်တဲ့ အတိုင်း ဆုံးဖြတ်တဲ့ ကာလအထိ ဒီနိုင်ငံကို ကျမကတော့ “Burma” လို့ပဲ အမြဲ ရည်ညွှန်းခေါ်ဆိုမှာပါ” ဟု နေပြည်တော်တွင် နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သိရသည်။ သြစတြေးလျ အခြေစိုက် ဆစ်ဒနီ နံနက်ခင်း သံတော်ဆင့် သတင်းစာ၏ ဖော်ပြချက်အရ သြစတြေးလျနှင့် နယူးဇီလန်အစိုးရတို့က မကြာသေးမီကပင် မြန်မာနိုင်ငံကို တရားဝင် “Myanmar” အသိအမှတ်ပြု ပြောင်းလဲသုံးနှုန်းခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။