မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘင်္ဂလာဒေ့ရှ်ဘက်အခြမ်းရှိ ဆိုးတြိပါးရာ (ခေါ်) မြစ်နားရွာနေ စောသိန်း၊ အောင်စောထွန်း၊ အောင်စောလှတို့ ၃ ဦးထံမှ မြန်မာနိုင်ငံဘက်မှ လာသည့် စိတ်ကြွဆေးပြား ၃၀၀၀ ဖမ်းဆီးရမိကြောင်း သိရသည်။ စစ်တကောင်းအခြေစိုက် အမှတ် (၇) တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ၃ ဦးသည် ဝယ်ယူသူအဖြစ် ဟန်ဆောင်ထားသော ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးကို စိတ်ကြွဆေးပြား ရောင်းမိရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။