လာမည့်ဒီဇင်ဘာတွင် အာဆီယံ အထွေထွေ အတွင်းရေးမှူး ရာထူး ၅ နှစ်သက်တမ်း ကုန်ဆုံးတော့မည့် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က သူ၏ အာဆီယံအထွေထွေ အတွင်းရေးမှူး သက်တမ်းအတွင် အထီးကျန် မြန်မာနိုင်ငံကို ဖွင့်ပေးခွင့်ရသည့် အာဆီယံ၏ အခန်းကဏ္ဍကို ဂုဏ်အယူဆုံးဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းတွင် ကူညီခဲ့သည့် အာဆီယံ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင် အာဆီယံ၏ ပါဝင်မှုတို့ကို ရည်ညွှန်းပြီး ဒေါက်တာ ဆူရင် က Australia Network သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ ဆူရင်၏ နေရာတွင် ဗီယက်နမ် ဒု နိုင်ငံခြားရေးဝန်ကြီး Le Luong Minh က ဆက်ခံမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။