ပင်လယ်ဓားပြများ တိုက်ခိုက်ခံရသည့် ရေနံတင်သင်္ဘောမှ မြန်မာ သင်္ဘောသား ၅ ဦးနှင့် အင်ဒိုနီးရှား သင်္ဘောသား ၄ ဦးကို ဗီယက်နမ် ရေတပ်က ကယ်တင်လိုက်ပြီး ပင်လယ်ဓားပြ ၁၁ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မလေးရှား ဆိပ်ကမ်း Pasir Gudang မှ ထွက်ခွာလာသော ရေနံတင်သင်္ဘော Zafirah ကို ပင်လယ်ဓားပြများက အင်ဒိုနီးရှားရေပြင်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဓားပြများက သင်္ဘောကို စီးနင်းပြီးနောက် သင်္ဘောသားများကို အသက်ကယ်လှေဖြင့် မျှောလိုက်ရာ ဗီယက်နမ် တောင်ပိုင်းမြို့ Vung Tau တွင် ဗီယက်နမ် ရေတပ်က ကယ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။