ပထမ ပုဂ္ဂလိကဘဏ်မှ ကျပ် သန်း ၁၅၀၀၀ တန်ဖိုးရှိ အစုရှယ်ယာများကို ဘဏ်လုပ်ငန်းရှင်များအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရှယ်ယာများ ရောင်းချပေးရာတွင် အစုရှယ်ယာ တစုလျှင် ကျပ် ၁၇၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အစု ပေါင်း ၁၀၀ ဝယ်ယူသူများ အနေဖြင့် ဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံနိုင်မည် ဖြစ်သည်ဟုလည်း ပထမ ပုဂ္ဂလိက ဘဏ် တာဝန်ရှိသူ တဦးက ပြောသည်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ကုန်တွင် အစု ရှယ်ယာ ၇၉၁၂၄၆ ရှိပြီး အစု တစုလျှင် ရရှိသော ဝေစုမှာ ကျပ်၂၃၈၆ ရှိကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်ကုန်တွင် အစုရှယ်ယာ စုရေ ၉၅၉၈၃၉ စုအထိ တိုးလာပြီး တစုလျှင် ရရှိသည့် အမြတ်ဝေစုမှာ ၂၄၉၉ ကျပ် ရှိကြောင်း၊ တစုလျှင် ကျပ် ၁၅၀၀၀ ဖြင့် ဝယ်ယူထားသည့် အစုတစု ၏ အမြတ်မှာ ၁၆ ဒသမ ၆၆ ရာခိုင်နှုန်း ရှိကြောင်း ပထမ ပုဂ္ဂလိ ဘဏ် ၏ စာရင်း ဇယားများအရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။