နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့(International Crisis Group-ICG)က သမ္မတ ဦးသိန်းစိန်ကို In Pursuit of Peace ချီးမြှင့်ကြောင်း သိရသည်။ သိန်းပေါင်းများစွာသော လူများ၏ ဘဝများကို ပြောင်းလဲ သွားစေသော ခေါင်းဆောင်မှုနှင့် ပဋိပက္ခများ ပြီးဆုံးသွားစေရေး ဆက်ဆံရေးနှင့် ဆောင်ရွက်ချက်များအတွက် ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊၂၀၁၃ ဧပြီ ၂၂ ရက်၌ အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ဆု ချီးမြှင့်ပွဲနှင့် ညစာ စားပွဲ ကျင်းပ၍ ဂုဏ်ပြုမည် ဖြစ်ကြောင်း ICG က ထုတ်ပြန်ထား သည်။ ဦးသိန်းစိန် နှင့် အတူ ဘရာဇီးလ် နိုင်ငံ သမ္မတ ဟောင်း Luiz Inacio Lula da Silva ကိုလည်း ဂုဏ်ပြု ချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။