ယမန်နေ့က လက်ပန်းတောင်းတောင် အရေးနှင့်ဆန္ဒပြခဲ့သော သူများထဲမှ ၆ ဦးကို စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) တို့ဖြင့် အရေးယူ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒေါ်နော်အုန်းလှ၊ ဦးမျိုးချစ်၊ ဒေါ်ရှမ်းမ၊ ကိုဝေလုတို့ ၄ ဦးကို ကျောက်တံတား ရဲစခန်းက ယနေ့နံနက် ၉ နာရီကျော်တွင် လာရောက်ခေါ်ယူခဲ့ပြီး ခံဝန် လက်မှတ်ထိုးခိုင်းကာ တရားရုံးသို့ ခေါ်သွား၍ အမှုဖွင့်ထားကြောင်း၊ ထို့နောက် ပန်းပဲတန်း တရားရုံးသို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး အဆိုပါတရားရုံးတွင် ကိုရဲလင်းဦးနှင့် ကိုညီညီတို့ကိုပါ ၎င်းတို့နှင့်အတူ အမှုဖွင့် အရေးယူခဲ့ကြောင်း၊ ညနေ ၄ နာရီတွင် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ၎င်းတို့ကို ရုံးထုတ်စစ်ဆေးမည် ဖြစ်ကာ အာမခံလည်း မပေးကြောင်း ဒေါ်နော်အုန်းလှ၏ မိတ်ဆွေဖြစ်သူ ကိုဒေးဗစ်လှမြင့်က ပြောသည်။ “မနော်အုန်းလှက ကျွန်တော်ဆီကိုအင်းစိန်ထောင်မသွားခင်ဖုန်းဆက်ခွင့်ရလို့ ဒီအတိုင်းပဲ ပြောခဲ့တယ်။ အဆိုပါ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူရန် ပြင်ဆင်နေသည်မှာမှန်ကန်ကြောင်း ပန်းဘဲတန်း ရဲစခန်းကလည်း အတည်ပြု ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။