• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြ ရွှေလုပ်သားများ အကြမ်းဖက် ဖမ်းဆီးမှု ပဋိပက္ခ ကြီးထွားလာနိုင်

by စနေလင်း
28 November 2012
in သတင်း
A A
နေရာပျောက်နေတဲ့ ရတနာ မုဆိုးများ

ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးထိမိုးမိ ရွှေလုပ်ကွက်

1.1k
VIEWS
Share on FacebookShare on Twitter

မိုးထိမိုးမိ ရွှေလုပ်သားများအား အကြမ်းဖက် ဖမ်းဆီးခြင်းများ ဆက်လက်ပြုလုပ်နေမည် ဆိုလျှင် ပဋိပက္ခ ကြီးထွားလာနိုင်သည့်အပြင် အစိုးရနှင့် ပြည်သူလူထုအကြား နိုင်ငံရေးအရ သံသယစိတ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ပြောကြားလိုက်သည်။

ထိုသံသယစိတ်ကြောင့် တည်ဆောက်ဆဲ အစိုးရနှင့်ပြည်သူများအကြား နိုင်ငံရေးအရ စိတ်ချယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး နောက်ပိုင်းတွင် ပြဿနာဖြစ်လာနိုင်ကြောင်းလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီက ယမန်နေ့က ပြော သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
42
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
29
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
51

“အခုလို အကြမ်းဖက်တာမျိုးကြောင့် နောက်ပိုင်း ပဋိပက္ခဘယ်လောက်ပဲကြီးကြီး၊ တကယ်တော့ အင်အားကြီးတာက အစိုးရပဲ။ ဒါပေမယ့့် ကြီးထွားလာမှာက သံသယပဲ။ အခုကာလက နိုင်ငံရေးအရ စိတ်ချယုံကြည်မှုရှိအောင် ဝိုင်းကြိုးစားနေတဲ့ကာလ။ အဲဒီထဲမှာ ကျနော်တို့လည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါတယ်။ အကုန်လုံးဝိုင်းကြိုးစားနေတဲ့ ကာလ။ ပြည်သူလူထုရဲ့ အစိုးရ လို ရပ်တည်လာပြီဆိုရင် အစိုးရက ပိုပြီးတော့အရေးစိုက်ရမယ်။ အဲဒီကြီးလာမယ့် သံသယကိုသာ ဖြေဖျောက်ဖို့ ကြိုးစားပါ”ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က ပဲခူးတိုင်း မြို့လှမြို့အထွက် ရေနီစက္ကူစက်ရှေ့တွင် ဆန္ဒပြ ရွှေလုပ်သားများကို အကြမ်းဖက် ရိုက် နှက် ဖမ်းဆီးခဲ့ပြီး ရွှေလုပ်ငန်း သမား ၄ ဦးကို ဖမ်းဆီး ရာတွင် အာဏာပိုင်များအနေဖြင့် ဖမ်းဆီးမည့်သူကို ဓာတ်ပုံ အထောက် အထား များနှင့် ကြိုတင်ပြင်ဆင်ပြီးမှ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စတင်ဖမ်းဆီးစဉ်က လူ ၆ ဦး ဖြစ်ပြီး ၂ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဖမ်းခံထားရာမှ ပြန်လည်လွတ်မြောက် လာသည့် ကိုရဲဝင်း ဆိုသူက ပြောသည်။

ယခုအချိန်အထိ မိုးထိမိုးမိရွှေလုပ်သား၅ ဦး အဖမ်းခံထားရကြောင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်၊ ကိုရဲရင့်ထွန်းနှင့် ကိုနိုင်ဝင်း တို့ ဖြစ်ပြီး ယမန်နေ့က မြို့လှမြို ဈေးတွင် ကိုဖိုးဇော်လည်း အဖမ်းခံထားရကြောင်း သိရသည်။

“သူတို့အင်အားက ၅၀၀ ကျော်လောက်လာတယ်။ ရုတ်တရက်ရောက်လာပြီး ကျနော်တို့ကို ရိုက်နှက်၊ လက်ထိပ်ခတ်၊ ဒရွတ်တိုက် ဆွဲပြီး ကားပေါ်ကို ဆွဲတင်တယ်။ ကားပေါ်ရောက်မှ နာမည် မေးတယ်။ နောက်မှ သူတို့ဖမ်းချင်တဲ့သူ မဟုတ်ဘူး ဆိုပြီး ကျနော်တို့ ၂ ဦး ကို ပြန်လွှတ်လိုက်တယ်။ သူတို့ဖမ်းချင်တဲ့သူ ၄ ဦးကိုတော့ မြို့လှမြို့ထဲခေါ်သွားတယ်။ သူတို့ ဘယ်သူ့ကို ဖမ်းရမယ်ဆိုတာ ဓာတ်ပုံနဲ့ တကွ ပါတယ်”ဟု ကိုရဲဝင်းက ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မိုးထိမိုးမိရွှေလုပ်သားများအရေးကို အဓိက ဆောင်ရွက် နေသည့် ကိုအောင်သူကလည်း မိုးထိ မိုးမိ ရွှေလုပ်သားများ ဆန္ဒပြမှုသည် အစောပိုင်းတွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ဖြစ်ပွားနေခြင်းဖြစ်သော် လည်း နောက်ပိုင်းတွင် ပြည်ထောင်စုအစိုးရဘက်မှ တာဝန်ယူဖြေရှင်းရန် နှောင့်နှေးကြန့်ကြာ နေခြင်းကြောင့် အစိုးရနှင့် ထိပ် တိုက်ရင်ဆိုင် ရသောပုံစံ ဖြစ်လာကြောင်း ပြောဆိုသည်။

“ပထမ အစတုန်းက သူတို့အခွင့်အရေးအတွက် ကုမ္ပဏီကို တောင်းဆိုတာ။ ဒါကို အစောတလျှင် ဖြေရှင်း မပေးတဲ့အတွက် လုပ် ငန်းရှင်ငယ်လေးတွေနဲ့ အစိုးရ ထိပ်တိုက်အနေအထား ဖြစ်လာတယ်။ သူတို့က သတ္တုတွင်းဝန်ကြီးဌာနကို ဖြေရှင်းပေးဖို့ ကမ်းလှမ်း ထားတယ်။ နောက် မြို့နယ် အုပ်ချုပ်ရေးမှူးကို ကမ်းလှမ်းထားတယ်။ ဒါပေမယ့် ဘယ်သူကမှ အရေးတယူ ဆောင်ရွက် ပေးတာမျိုး မရှိဘူး”ဟုလည်း ၎င်းက ပြောသည်။

ယခုအခါ ရေနီမြို့နယ်တွင် ပိတ်မိနေသော ဆန္ဒပြ မိုးထိမိုးမိ ရွှေလုပ်သားများကို ဘုန်းတော်ကြီးကျောင်းမှ ၎င်းတို့ နေရပ်သို့ လုံခြုံရေး အစောင့်အရှောက်ဖြင့် ပြန်ပို့ပေးနေပြီဖြစ်ကြောင်း၊ သို့ရာတွင် ရွှေလုပ်သားများ၏ လုပ်ကွက်အတွင်းရှိ နေအိမ်တဲများကို မီးရှို့ဖျက် ဆီးခြင်း ခံထားရကြောင်း၊ ၎င်းတို့အနေဖြင့် ပိုင်ဆိုင်သော အိုးအိမ်ပစ္စည်းများကို ရောင်းချကာ ရွှေလုပ်ကွက်တွင် ရင်းနှီးမြုပ်နှံ ထားသောကြောင့် ယခုအရေးသည် ၎င်းတို့၏မိသားစုဘဝ၊ ၎င်းတို့ကို မှီခိုနေသောလုပ်သားများ၏ မိသားစုဘဝများနှင့် များစွာ ဆက်စပ်နေကြောင်း ကိုအောင်သူက ဆက်ပြောသည်။

လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ရမည်းသင်းမြို့၌ အမျိုးသားကြီးပွား  တိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရွှေလုပ်သားများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဖမ်းခံထားရသည့် ရွှေလုပ်သားခေါင်းဆောင်များဖြစ်သော ကိုနေအောင်ထက်၊ ကိုစောနောင်၊  ကိုရဲရင့်ထွန်းနှင့် ကိုနိုင် ဝင်းတို့ကို နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး က တရားလို ပြုလုပ်ပြီး စွဲချက်တင်ထားကြောင်း၊ ထို့အပြင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် မြို့လှမြို့နယ် ရဲစခန်းမှူး က တရားလိုပြုလုပ်ကာ အမှုဖွင့် စွဲချက်တင်ထားကြောင်း တောင်ငူခရိုင် ရဲမှူးကြီးက ပြောသည်။

“နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးထားတဲ့ သူတွေကို ရေတာရှည်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါ့မယ်။ သူတို့ကို တပေါင်းတည်းနဲ့ တစ်ရုံးတည်းမှာ စွဲချက်တင်မှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။

Your Thoughts …
Tags: Labour RightStrike
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

by ချစ်ဆု
7 June 2013
2.2k

အလုပ်ရှင် ဘက်မှ သဘောတူညီထားပြီး ဖြစ်သော အချက်တချို့ကို စာချုပ်ထဲတွင် ထည့်သွင်း မထားသောကြောင့် လွှတ်တော်သို့ တိုင်ကြားမည် ဖြစ်ကြောင်း

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

by မေစစ်ပိုင်
12 September 2013
2.7k

လဝက နဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန တွေက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမယ်၊ အလုပ်အကိုင်ရဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ခန့်တဲ့စနစ် လုပ်မယ်

မေဒေးမှာ အလုပ်သမားများ အခွင့်အရေး နှိုးဆော်ခြင်း

မေဒေးမှာ အလုပ်သမားများ အခွင့်အရေး နှိုးဆော်ခြင်း

by သစ္စာနီ
7 May 2013
5.1k

မေဒေးကို အစိုးရက တရားဝင် ရုံးပိတ်ရက်ဟု ကြေညာ ထားသော်လည်း ပုဂ္ဂလိကနှင့် တခြား အဖွဲ့အစည်းပိုင်း၊ စက်ရုံအလုပ်ရုံ တချို့က ပိတ်ရက် အဖြစ် မသတ်မှတ်ဘဲ အလုပ်ဆင်း ခိုင်းသည်။

မိုးထိ-မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ ချီတက် ဆန္ဒပြ

ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများ ရေနီ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိ

by နန်းသီရိလွင်
26 November 2012
1k

သူတို့ ချီတက်မယ်ဆိုတဲ့ နေပြည်တော်ကလည်း လက်မခံဘူး။ မိုးထိ မိုးမိကို ပြန်ဖို့ကလည်း သူတို့ကို အရေးယူမယ်လို့ စာကပ်ထားတယ်။

လုပ်ငန်းခွင် ဘေးအန္တရာယ် , ကျန်းမာရေး , ဥပဒေ , ILO , UMFCCI

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ပြဋ္ဌာန်းရေး စီစဉ်နေ

by မေစစ်ပိုင်
28 November 2014
1.9k

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို လာမည့် ၂၀၁၅ ခုနှစ် အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

by လင်းသန့်
13 March 2013
6.2k

ပြည်သူ့ လွှတ်တော်တွင် ယမန်နေ့က ဂျော်ဒန်ရှိ မြန်မာ အလုပ်သမား အရေး ဆွေးနွေး ဖြေကြားချက်များသည် လက်တွေ့နှင့် ကွဲလွဲမှုများ ရှိကြောင်း ဂျော်ဒန်ရောက် ဆန္ဒပြ အလုပ်သမားများက ဧရာဝတီကို ပြောသည်။

Next Post

သံလွင်မြစ်တွင်း စက်လှေနစ်၍ ၂ ဦးသေ

တင်ချင်းဆက်အမွှာ ခွဲစိတ်မှု အောင်မြင်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate