စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်က ဝင်ရောက်စစ်ဆေးနိုင်ရန် ဆန္ဒပြနေသည့် သပိတ်စခန်း ၆ ခုကို ဖယ်ရှားရှင်းလင်းပေးရေးနှင့် မလုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာ လိုက်သည်။ ဆန္ဒပြမှုများကြောင့် လုပ်ငန်း ရပ်ဆိုင်းနေကြောင်း၊ လုပ်ငန်းရပ်ဆိုင်းနေလျှင် စစ်ဆေးမှုများ မလုပ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် နောက်ဆုံးရရှိသည့် သတင်းများအရ သပိတ်စခန်းများ ရုတ်သိမ်းမှု မလုပ်သေးကြောင်း၊ အာဏာပိုင်များကလည်း သပိတ်စခန်းများ ရုပ်သိမ်းရေး ဆော်သြနေကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ရောက်ရှိမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။