ဂျပန် လျှပ်စစ်လုပ်ငန်းကြီးဖြစ်သည့် ဟီတာချီသည် ရန်ကုန်တွင် ဟီတာချီ အာရှ လီမိတက် ရုံးခွဲဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။ စီးပွားရေး တိုးတက်ရန် အလားအလာရှိပြီး ကမ္ဘာတဝန်းမှ ကုမ္ပဏီများ မြန်မာ့ဈေးကွက်သို့ အပြိုင်အဆိုင် ဝင်လာရန် ပြင်ဆင်နေကြကြောင်း၊ ဟီတာချီသည် မြန်မာနိုင်ငံ လူမှု အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ယခင်ကတည်းကပင် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ ထင်ရှားသည့် တခုမှာ ၁၉၅၀ ဝန်းကျင်က လျှပ်စစ်စက်ရုံများအတွက် စက်ကိရိယာများ ထောက်ပံ့ပေးခဲ့ဖူးခြင်းဖြစ်ကြောင်း ဂျပန်တူးဒေး သတင်းစာက ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။