ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်လအတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများ၌ ပတ်သက်ခြင်း မရှိကြောင်းနှင့် နိုဝင်ဘာလအစောပိုင်းက နယ်စပ်ခြံစည်းရိုး ကာရံနေသည့် စစ်မြေပြင်တပ်ရင်းမှ စစ်သည် ၃ ဦးကို ဖမ်းဆီးထားသည်ဆိုသည့် စွပ်စွဲချက်ကိုလည်း ငြင်းဆိုကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ကြေညာချက် ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခတွင် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်ဟု အောက်တိုဘာ ၃၁ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ ကုလားတန် သတင်းဌာနကလည်း မြန်မာ စစ်အင်ဂျင်နီယာတပ်ကို ALP က တိုက်ခိုက်သည်ဟု ပြီးခဲ့သည့် သီတင်း နှစ်ပတ်ခန့်က ရေးသားခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။