ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးရဲစခန်းမှ ဒု ရဲအုပ် နွေအောင်သည် အသက် ၁၄ နှစ်အရွယ်ရှိ အိမ်ဖော်မိန်းကလေး တဦးအား အဓမ္မပြုကျင့်သောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဒု ရဲအုပ် နွေးအောင်၏ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ်အား သွားရောက် ထိန်းကျောင်းပေးခဲ့စဉ် လွန်ခဲ့သည့် ၁ နှစ်မှ စတင်၍ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ ရဲတပ်ကြပ် တင်စိုးဝင်းနှင့် နေဝင်းနိုင်တို့ကိုလည်း အရေးယူထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။