ကရင်ပြည်နယ် မြဝတီမြို့နေ ရွှေသရဖူရွှေဆိုင်မှ ကိုသိန်းလွင်သည် နိုဝင်ဘာ ၂၇ ရက်နေ့က ရွှေထည်ပစ္စည်းများ သိမ်းဆည်၍ ပြန်လာစဉ် မျက်နှာ အဝတ်စည်းထားသည့် ဆိုင်ကယ်သမားက ကိုသိန်းလွင်၏ ဆိုင်ကယ်ကို ကန်လှဲကာ ရွှေထည်ပစ္စည်းများ လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်လဲကျစဉ် သေနတ်ဟု ထင်ရသော အရာဖြင့် ချိန်ကာ ရွှေထည် မျိုးစုံ ၁ ပိဿာ ၄၀ ကျပ်သား၊ မြန်မာငွေ ၄၃ သိန်းနှင့် ထိုင်းဘတ်ငွေ ၄ ထောင်ကို လုယက်သွားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လုယက်သွားသူကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။