မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘန်တရိုဘန်မြို့နယ် အလယ်ကော်တောင်မြို့နယ် ထိန်ကူးရွာအနီး တောတွင်းမှ လက်ပစ်ဗုံး ၆ လုံး၊ မီးခိုးဗုံး ၁ လုံးနှင့် မော်တာကျည် ၉ လုံးကို တွေ့ရှိ သိမ်းဆည်ခဲ့မိကြောင်း အလယ်ကော်တောင်မြို့ စစ်ဗျူဟာမှ ဗိုလ်ကြီး ဖိုက်ဆဲလ်က ပြောသည်။ ဗုံးနှင့် မော်တာကျည်များ၏ အမျိုးအစား အသေးစိတ်ကိုမူ စစ်ဆေးဆဲဟု သိရသည်။ ဗုံးနှင့် မော်တာကျည်များကို ပိုင်ရှင်မဲ့ ဖမ်းဆီးရခြင်းဖြစ်ပြီး ယင်းဒေသသည် တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတချို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။