ရခိုင်ပြည်နယ်တွင် မွတ်စလင်များအတွက် နိုင်ငံသား စိစစ်မေးမြန်းမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။ ရခိုင် အစွန်အဖျားဒေသများရှိ ရိုဟင်ဂျာများအပါအဝင် မွတ်စလင်များ၏ လူဦးရေနှင့် နိုင်ငံသား အရည်အချင်းပြည့်မှုကို နိုဝင်ဘာလမှ စ၍ စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဆင်တက်မော် ကျွန်းရွာသို့ ရောက်ရှိသွားသော AP သတင်းထောက်များက အစိုးရ၏ မွတ်စလင်များအား နိုင်ငံသား စိစစ်မှုများ ပြုလုပ်နေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကျေးရွာတွင် လာရောက် စိစစ်နေမှုများသည် လုပ်ငန်းစဉ်၏ တစိတ်တပိုင်း ဖြစ်ကြောင်း ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။