လက်ပံတောင်း ကြေးနီစီမံကိန်း ဆက်လက် လုပ်ကိုင်ရန် သင့်၊ မသင့်စုံစမ်းရေးနှင့် အဆိုပါ စီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို နိုဝင်ဘာလ ၂၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက် ဖြိုခွင်းခဲ့မှုများအတွက် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းသည့် စုံစမ်းရေးကော်မရှင်တွင် ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် ပါဝင်ဆောင်ရွက်ရန် ဆန္ဒမရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ၏ ဒီဇင်ဘာ ၂ ရက်နေ့စွဲဖြင့် ကြေညာချက်တွင် “အထက်ပါကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။ သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင် ရွက်လိုသည့် ဆန္ဒမရှိပါကြောင်း အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ဆိုင်ရာ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ဥက္ကဌအဖြစ်နှင့် နိုင်ငံရေးပါတီများ၊ လူမှုရေးနယ်ပယ်မှ စုစုပေါင်း ၂၉ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးထားရာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုပေါ်ဦးထွန်း (ခ) မင်းကိုနိုင်နှင့် ကိုကိုကြီးတို့လည်း ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။