နိုဝင်ဘာ ၃၀ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ရန်ကုန်မြို့တွင် တောင်းဆို ဆန္ဒပြခဲ့ကြသည့် မျိုးဆက်သစ် လူငယ်များအစည်းအရုံးမှ ကိုမိုးသွေးနှင့် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် တပါးဖြစ်ခဲ့သည့် ဦးဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဆေးကုသမှု ခံယူနေဆဲအချိန်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်း၌ နိုဝင်ဘာ ၃၀ ရက်နေ့တွင်ပင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်စဉ်က ချိတ်ပိတ်မှု၊ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်နေထိုင်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၈၊ ၄၂၇၊ ၄၅၄ တို့ဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံး ရရှိသည့် သတင်းများအရ သန်လျင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ယင်းမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခင်လ ၂၆ ရက်နေ့ကလည်း အဆိုပါ စီမံကိန်း ရပ်တန့်ရေး ဆူးလေးဘုရားအနီး ဆန္ဒထုတ်ဖော်ခဲ့ကြသော ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုညီညီ၊ ကိုဝေဠု၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။