တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း နယ်မြေကျူးကျော်မှုဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံသား ၇ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ မကြာသေးမီးက နိုင်ငံတဝန်း အကျဉ်းထောင်များရှိ အကျဉ်းသားများကို မြန်မာအစိုးရက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုရာတွင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရက လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေ၊ သစ်တော ဥပဒေ ပုဒ်မနှင့် လက်နက် ကိုင်ဆောင်သည့် အမှုတို့ဖြင့် ထောင်ဒဏ် ၁၀ ခွဲ ချမှတ်ခံထားရသူ ၁၀ ဦးအထဲမှ ၇ ဦးကို ပြန်လွတ်ပေးကြောင်း၊ ကျန် ၂ ဦးမှာ မူးယစ်ဆေးဝါး အမှုဖြင့် ထပ်မံ စွဲဆိုခံထားရပြီး ပြန်လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို မြန်မာအာဏာပိုင်များက ဖမ်းဆီးကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။