ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်သည့် မြန်မာနိုင်ငံသား ၆၉ ဦးကို ယမန်နေ့တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်စပ် တဖက်ကမ်းရှိ စံခလဘူရီမြို့သို့ ပွဲစားနှင့် ရောက်ရှိလာပြီး ခရီးသွားခွင့် စာရွက်စာတမ်းများ မရှိ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဖမ်းဆီးခံရသူများထဲတွင် သက်ကြီးရွယ်အိုနှင့် အသက် ၁ နှစ်မှ ၇ အရွယ် ကလေးငယ်များအထိ ပါဝင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။