သမ္မတရုံးဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ သို့ ဒီဇင်ဘာ ၃ ရက်မှ စ၍ ၅ ရက်ကြာ လေ့လာရေး ခရီးစဉ်သွားရောက်ကြေင်း သိရသည်။ ယင်း ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဖလှယ်ရေး အစီအစဉ် အရ သွားရောက်ခြင်း ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ၏ စက်မှုလုပ်ငန်း ဆိုင်ရာ မူဝါဒများ၊ စက်မှုဇုန်ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နည်းပညာနှင့် လုပ်ငန်းဝင် သင်ကြား လေ့ကျင့်ပေးမှု များကို လေ့လာကြမည်ဖြစ်ကြောင်း Channel News Asia သတင်း၌ ဖော်ပြထားသည်။ စင်ကာပူ အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် နည်းပညာ ဗဟုသုတများ၊ အတွေ့အကြုံများကို ပါဝင် မျှဝေပေးခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။