မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ပုံစံအတိုင်း လိုက်ရန် သို့မဟုတ် ပဋိပက္ခရှိသည့် နိုင်ငံရေး အကူအပြောင်း စွန့်စားမှုလုပ်ရန် နာမည်ကြီး တရုတ် မျက်မမြင် တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် Chen Guangcheng က ကွန်မြူပါတီ အကြီးအကဲနှင့် တရုတ် သမ္မတလောင်း ဖြစ်သူ ရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်သည်။ Chen Guangcheng သည် ပြီးခဲ့သည့် ဧပြီလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဝင်ရောက်ခိုလှုံခဲ့ရာမှာ တရုတ်နှင့် အမေရိကန် သံတမန်ရေးရာ တင်းမာမှု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တရုတ်အာဏာပိုင်များက Chen Guangcheng အား နိုင်ငံမှ ထွက်ခွာခွင့်ပြုသောကြောင့် ယခုအခါ ၎င်းသည် နယူးယောက်မြို့တွင် ပညာသင်ကြားနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။