သမ္မတ ဦးသိန်းစိန်သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည့် ဘရူနိုင်း နိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။ ဦးသိန်းစိန် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဘရူနိုင်း ဘုရင် ဘိုလ်ကီးယား ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဖော်ပြ ထားသည်။ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး၊ အိမ်ရှေ့မင်းသား HRH. Prince Mohamamad Bolkiah နှင့် စက်မှုနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ ဝန်ကြီးနှင့် နှစ်နိုင်ငံ သံအဖွဲ့များက ကြိုဆိုကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။