ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos သည် မြန် မာ နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များအား လေ့လာရန်အတွက် မြန်မာနိုင်ငံကို ဒီဇင်ဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ၄ ရက်ကြာခရီး လာရောက်ကြောင်း သတင်းရသည်။ ၎င်းသည် ရခိုင်နှင့်ကချင်ပြည်နယ်များသို့ သွားရောက်ရန်ရှိပြီး အကြမ်းဖက်မှုနှင့် စစ်ပွဲများကြောင့် ဒုက္ခရောက်နေကြရသည့် တိုင်းရင်းသားများကို သွားရောက် တွေ့ဆုံ၍ အကူအညီများ ပေးမည်ဖြစ်ကြောင်း၊ အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ မစ္စ အေးမို့စ်သည် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်သည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် တဦးလည်း ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။