ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် အုတ်ဖိုအုပ်စု၊ အောင်ကုန်းကျေးရွာရှိ သမ (၃) လိမိတက်ရှေ့တွင် လယ်သမား ၁၅၀ ခန့် က အသိမ်းခံထားရသော ၎င်းတို့၏ လယ်မြေများပေါ်တွင် ယနေ့ နံနက် ၇ နာရီမှ စတင်၍ ထွန်တုံး တိုက်ပွဲ ဆင်နွှဲနေကြကြောင်း သတင်း ရသည်။ ၎င်းတို့ကျေးရွာအနီး အင်းမ ရေထိန်းတမံ ဆောက်လုပ်ပြီးနောက် ရေလွှမ်းမိုးခံရသည့် လယ်မြေများကို လွန်ခဲ့ သည့် ဆယ်စုနှစ်တခုကျော်က စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဏာပိုင်များက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ထိုလယ်မြေများပေါ်တွင် အာဏာပိုင်များက သီးစားချထားကြောင်း၊ ထိုသီးစားချထားသည့် လယ်မြေများပေါ် လယ်ရှင်လယ်သမား ပြန်လည်ပိုင်ဆိုင်ခွင့်ရရန် ဝင်ရောက် ထွန်ယက်ခြင်းဖြစ်ကြောင်း လယ်သမားများက ပြောသည်။ လယ်သမားများ၏ နစ်နာမှုများအတွက် ယမန်နှစ်က သမ္မတ ထံ အသနားခံစာ တင်ပြတောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။