အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) လိုင်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ကို ပြန်လည် ပြေးဆွဲနေကြောင်း သိရသည်။ ၄ လခန့် ရပ်နားထားသည့် MAI သည် နှစ်နိုင်ငံ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး အစီအစဉ်အနေဖြင့် စနေနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ MAI အနေဖြင့် ဖနွမ်းပင်မှ ရန်ကုန်သို့ လာရောက်သည့် ခရီးသည်များအတွက် ဆိုက်ရောက် ဗီဇာ ရရှိရန် စီစဉ်နေကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။