လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ်ရှားမှုကို အစိုးရအာဏာပိုင်များ အကြမ်းဖက် နှိမ်နှင်းခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ လုံးဝမဖြစ်သင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ သဘောထားကို ယနေ့ ထုတ်ပြန်လိုက်သည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြိုးပမ်းနေစဉ် ကာလအတွင်း ယခုကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့အလားအလာအတွက် လွန်စွာစိုးရိမ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကလည်း အစိုးရ၏ လက်ပံတောင်း အကြမ်းဖက် နှိမ်နင်းမှုများကို ရှုတ်ချကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။