လက်ပံတောင်းတောင် ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး မန္တလေးဆေးရုံတွင် တက်ရောက်ကုသခြင်း ခံနေရသော သံဃာတော်များထဲမှ ၃၂ ပါးနှင့် လူ ၃ ဦးတို့ကို ယနေ့ညနေတွင် ဆေးရုံမှ ဆင်းခိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မန္တလေးဆေးရုံတွင် တက်ရောက်ကုသခြင်း ခံနေရသော သံဃာတော် ၉၆ ပါးတွင် ၈ ပါးသည် ဒဏ်ရာပြင်းထန်သောကြောင့် သီးသန့်ခွဲထားပြီး ၂ ပါးကို ခွဲစိတ်ကုသပြီးစီးပြီးပြီ ဖြစ်သည်။ “ဦးဇင်းတို့ကို ဆေးရုံးကဆင်းပြီး ပြင်ပလူနာအဖြစ်နဲ့ ကုလို့ရတဲ့ ပုံစံရှိလို့ ဆင်းခိုင်းတာလို့တော့ပြောတယ်။ ဆင်းရတဲ့သူတွေ တချို့မှာ ဒဏ်ရာနည်းနည်းပြင်းတဲ့သူတွေ ကျန်နေသေးတယ်လို့ ထင်တယ်။ အခု မျက်နှာမှာ ဒဏ်ရာအပြင်းအထန် ရနေတဲ့ ကိုယ်တော်ကတော့ စိတ်ပါထိခိုက်ပြီး စိတ်ကစင့်ကလျားဖြစ်နေတဲ့ ပုံစံမှာရှိနေတယ်လို့ မြင်တယ်။ ဦးဇင်းတို့ တွေ့ကြုံခဲ့ရတဲ့ အခြေအနေအရ အခု ဆေးရုံမှာ ကျန်နေသေးတဲ့ ကိုယ်တော်တွေကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဆေးကုသခွင့် ပေးသင့်တယ်” ဟု ဆေးရုံမှဆင်းခွင့်ရသော ဦးဇင်းတပါးက မိန့်သည်။
လက်ရှိအချိန်တွင် ဆေးရုံတက်နေကြရသော ကိုယ်တော်များကို တာဝန်ကျ ဆရာဝန်များက လာရောက် ကြည့်ရှုသော်လည်း ဆေးများပေးကာ ပြန်သွားပြီး ထိထိရောက်ရောက် ကုသပေးမှု မရှိကြောင်း၊ ထိုသို့ ဖြစ်နေသည်မှာလည်း အာဏာပိုင်များအနေဖြင့် ဆရာဝန်များအပေါ် ဖိအား ပေးနေသည့် အနေအထားမျိုးရှိနိုင်သည်ဟု သုံးသပ်မိကြောင်း ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သည့် ဦးဇင်းတပါးက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။