• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သဲကုန်းမြို့နယ် လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

by ငြိမ်းငြိမ်း
4 December 2012
in သတင်း
A A
1.2k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှ လယ်သမား ၁၅၀ ခန့်သည် အသိမ်းခံထားရသည့် လယ်မြေများ ပြန်လည်ရရှိရေး အတွက် ယနေ့မှ စတင်ကာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲကြသည်။

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် အုတ်ဖိုအုပ်စု အောင်ကုန်းကျေးရွာက လယ်ဧက ၁၁၀၀ ကျော်ကို ၂၀၀၀ ခုနှစ်အတွင်း ပြည်မြို့ရှိ သမ (၃) လီမိတက်က သိမ်းယူခဲ့သည့်အတွက် ထိုလယ်မြေများ ပြန်လည်ရရှိရန် တိုက်ပွဲဆင်နေခြင်း ဖြစ်ကြောင်း လယ်သမားများက ဧရာဝတီကို ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
559
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
454

အောင်ကုန်းရွာအပါအဝင် ရွာ ၈ ရွာမှ လယ်သမားများ စုပေါင်းပြီး လယ်မြေများ ရှင်းလင်းခြင်းနှင့် နွေစပါး စိုက်ပျိုးရန် ထွန်ယက်ခြင်း ဖြစ်ကြောင်း လယ်သမားတဦးလည်းဖြစ်၊ သဲကုန်းမြို့နယ် လယ်သမား အထောက်အကူပြု ကွန်ရက်အဖွဲ့ဝင် တဦးလည်း ဖြစ် သည့် ကိုအုန်းဟန်က ဆိုသည်။

“ကျနော်တို့ ကျွဲသုံးရှဉ်းနဲ့ ထွန်တယ်။ ဓားတွေ ပေါက်ပြားတွေနဲ့ မြက်တွေကို ခုတ်ထွင်ရှင်းလင်းတယ်။ ကျနော်တို့လယ်တွေကို သီးစား ပြန်ချထားတဲ့ အကွက်တွေပေါ်မှာ ထွန်နေတာခင်ဗျ”ဟု ၎င်းက ပြောသည်။

၁၉၈၁ ခုနှစ်က ဆောက်လုပ်ခဲ့သည့် ၎င်းတို့ ကျေးရွာအနီးမှ အင်းမ ရေထိန်းတမံကို လွန်ခဲ့သည့် ဆယ်နှစ်ကျော်က အနီးဝန်းကျင် ကျေးရွာများရှိ ရေလွှမ်းလယ်မြေများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဏာပိုင်များက သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

“ကျနော်တို့ လယ်ဧက ၁၁၆၀ ကို ရေလွှမ်းတဲ့ နေရာတွေဖြစ်လို့ဆိုပြီး ၂၀၀၀-၂၀၀၁ တုန်းက သမ (၃) က အာဏာပိုင်တွေနဲ့ ပေါင်းပြီး သိမ်းသွားခဲ့တာ။ ကျနော်တို့ လယ်တွေကို သိမ်းတုန်းက စပါးစိုက်ဖို့ဆိုပြီးသိမ်းတယ်။ နောက် သူတို့က မိုးရာသီမှာ အင်းမ တမံ ကနေ ရေလွှမ်းမိုးတော့ စပါးစိုက်မရဘူး။ ငါးကန်တွေ လုပ်ပစ်လိုက်တယ်။ နွေရာသီကျတော့ ကျနော်တို့ကို သီးစားပြန်ချတယ်။ သီးစားခက လယ် တဧကကို စပါးတင်း ၂၀ ပေးရတယ်”ဟု ကိုအုန်းဟန်က ဆက်ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး တင်ထွန်း နှင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးက ဆန္ဒထုတ်ဖော်မှု ရပ်တန့် ရန် လာရောက် ဟန့်တားခဲ့သော်လည်း တစုံတရာ နှောင့်ယှက်မှု မရှိခဲ့ကြောင်း သိရသည်။

“ရဲက  လယ်သမားတွေ ဒီ လယ်မြေတွေကို အမှန်တကယ် ပိုင်ဆိုင်တာဆိုရင် တရားဝင်စာပို့ပြီး လုပ်ဆောင်ဖို့ ပြောပါတယ်”ဟု လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုမင်းမင်းက ဧရာဝတီကို ပြောပြသည်။

လယ်သမားများက ၎င်းတို့အနေဖြင့် ၁၉၈၃ ခုနှစ်က လယ်မြေပိုင်ဆိုင်ကြောင်း အထောက်အထားပြေစာများရှိကြောင်း၊ ယင်း ပြေ စာများ အရ လယ်ယာမြေများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း လယ်သမားများက ပြောဆိုသည်။

ယမန်နှစ် မတ်လ နှင့် သြဂုတ်လများတွင် သမ္မတထံ တိုင်ကြားခြင်းနှင့် အသနားခံစာများ တင်ပြတောင်းဆိုခဲ့သည့် အပြင် ပြီးခဲ့ သည့် ဇူလိုင်လ ကလည်း သဲကုန်းမြို့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း၊ သို့ရာတွင် အာဏာပိုင်များဘက်မှ တစုံတရာ အရေးယူမှု မရှိခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။

“ကျနော်တို့ကို ဒီလယ်မြေတွေပေါ် ပြန်လာထွန်လို့ ကျနော်တို့ကို နယ်မြေကျူးကျော်မှုနဲ့ တရားစွဲမယ်ဆိုရင်လည်း ကျနော်တို့ တရားရုံးမှာ ဖြေရှင်းဖို့ အသင့်ပါပဲလို့ ရဲမှူးကို ကျနော်ပြောခဲ့ပါတယ်”ဟု ကိုအုန်းဟန်က ဆိုသည်။

အသိမ်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများကို ယခုနှစ် ဇူလိုင်လက မိတ္ထီလာမြို့နယ်တွင်လည်း လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်း ဆန္ဒထုတ်ဖော်ပွဲတွင် လယ်သမားများအား နယ်မြေကျူးကျော်မှုဖြင့် တရားစွဲဆိုခြင်းများ ရှိခဲ့သည်။

Your Thoughts …
Tags: Farmers
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင်သူများကို အမှုဖွင့်ခွင့်မပေး

by ထက်နိုင်ဇော်
26 July 2013
12.3k

ဗိုလ်ချုပ် စိုးရှိန်ဆိုသူက တပည့် ၄ ဦးဖြင့် ၀င်ရောက်လာပြီး ၎င်း၏ ပစ္စတို သေနတ်ကိုထုတ်၍ ယာမြေထဲမှ မထွက်ပေးပါက ပစ်သတ်မည်ဟု အော်ဟစ် ခြိမ်းခြောက်ခဲ့

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲ စပြီ

လယ်သမားများ၏ ထွန်တုံးတိုက်ပွဲ စပြီ

by ဇာနည်မာန်
12 July 2012
4.4k

ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး

မန်းရေနံမြေ, လယ်ယာမြေ, တောင်သူ, စိုက်ပျိုးရေး, MPRL E&P

မန်း ရေနံမြေ တောင်သူများ လယ်ယာမြေ အခက်အခဲကြုံတွေ့နေ

by စနေလင်း
20 November 2013
2k

ကျနော်တို့ လယ်သမားတွေမှာ ဘာအလုပ်မှ လုပ်လို့မရဘူး။ တောင်သူတွေရဲ့ စိုက်ခင်းထဲကို ရေဆိုးတွေ စွန့်ထုတ်လို့ စိုက်လို့လဲ မရ၊ လယ်ယာမြေ လျော်ကြေးကိုလည်း မပေးဘူး။

စိုက်ပျိုးစရိတ် ချေးငွေ, ဧရာဝတီတိုင်း , မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်

စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သည့် လယ်သမား ၁၅၀၀၀ ကျော်ကို အရေးယူ

by ဆလိုင်းသန့်စင်
6 November 2014
1.9k

စိုက်ပျိုး စရိတ်ချေးငွေ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသည့် ဧရာဝတီတိုင်း ဒေသကြီးမှ လယ်သမား ၁၅၀၀၀ ကျော်ကို အစိုးရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က တရားလို ပြုလုပ်၍ အမှုဖွင့် အရေးယူမှုများ လုပ်ဆောင်...

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွဲှမည်ဟု လယ်သမားသမဂ္ဂပြော

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွဲှမည်ဟု လယ်သမားသမဂ္ဂပြော

by ဆလိုင်းသန့်စင်
29 May 2013
2.5k

ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်းနှင့် ငပုတောမြို့နယ်ရှိ လယ်သမားများက ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ လယ်ယာမြေများ ပြန်လည်ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။

ဗဟိုဘဏ်, မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်, ဧရာဝတီတိုင်း, စိုက်ပျိုးစရိတ်ချေးငွေ

စိုက်ပျိုးစရိတ် ချေးငွေ ပြန်မဆပ်သည့် လယ်သမားများကို အစိုးရ တရားစွဲမည်

by ဆလိုင်းသန့်စင်
25 September 2014
1.9k

အစိုးရက ထုတ်ပေး ထားသည့် စိုက်ပျိုးစရိတ် ချေးငွေများအား စက်တင်ဘာ လကုန် အထိ ပေးဆပ်ခြင်း မရှိသည့် လယ်သမားများကို တရားစွဲဆို သွားမည်ဟု ဧရာဝတီတိုင်း ဒေသကြီး မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ပြောသည်။

Next Post

လက်ပံတောင်း သပိတ် ဖြိုခွင်းမှုပါ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို

ဦးပိုင် ဂန်းနန်း စတိုင်လ်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate