ရန်ကုန်မြို့အတွင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ရုပ်ပုံများ၊ စာလုံးများအား ဆေးရောင်စုံများ သုံး၍ ရေးခြယ်ခြင်း ပြုလုပ်သူများကို တည်ဆဲ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။ ဒီဇင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန် အမိန့်အမှတ် ၁/၂၀၁၂ အရ ရန်ကုန်မြို့တော် စည်ပင်၏ ခွင့်ပြုချက်မရရှိဘဲ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံ၊ အားကစားကွင်း အစရှိသည့် နေရာများတွင် ယင်းသို့ ဆေးရောင်စုံများနှင့် ရေးခြယ်ခြင်းကို တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်းတချို့နေ ရာများ၌ ဆေးရောင်စုံဖြင့် ရုပ်ပုံများ၊ စာလုံးများ ရေးဆွဲမှု(Graffiti Art)များ ရှိနေပြီး မကြာသေးခင်က အမေရိကန် သမ္မတ အိုဘားမား မြန်မာပြည် ခရီးစဉ်မတိုင်ခင် အိုဘားမား ရုပ်ပုံရေးဆွဲခြင်းလည်း ဖြစ်ပေါ်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။