ကချင်ပြည်နယ် မိုးညှင်းမြို့ အနီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်၌ ဒီဇင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီခွဲ ဝန်းကျင်းက မိုင်း ပေါက် ကွဲမှုကြောင့် ခရီးသွားလာမှု ၄ နာရီ ခန့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ မိုးညှင်းမြို့နှင့် ၇ မိုင်ခန့်အကွာ ညောင်ကုန်းဘူတာ နှင့် နမ္မား ဘူတာ ကြားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထား သံလမ်း တချို့ပျက်စီးသွားကြောင်း၊ လူအသေအပျောက် မရှိကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ကို ကိုးကား၍ The Voice Weekly အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။