အိန္ဒိယနိုင်ငံမြောက်ပိုင်း နာဂလန်းပြည်နယ် ကိုဟီမမြို့တွင် ပြုလုပ်သည့် ကွန်ဖရင့်တစ်ရပ်၌ မြန်မာနှင့်အိန္ဒိယ ပြည်သူချင်း ရင်းနှီးဆက်ဆံမှု ပိုမိုမြှင့်တင်ရေးနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့က ဆွေးနွေးကြောင်း သိရသည်။ တရက်ကြာ ပြုလုပ်သည့် ယင်းကွန် ဖရင့်တွင် မြန်မာနှင့် ထိစပ်နေသော အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသ ပြည်နယ် ၄ ခုတွင် လုံခြုံရေးဆိုင်ရာကိစ္စများ၊ တိုးတက် ပူးပေါင်း ဆောင်ရွက်သွားမည့် အဆင့်မြင့် နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးများ စသည်တို့ကို ဆွေးနွေးကြကြောင်း အိန္ဒိယ (PTI) သတင်း၌ ဖော်ပြထားသည်။ ဆွေးနွေးပွဲသို့ အိန္ဒိယပါလီမန်အဖွဲ့ဝင် ၁၅ ဦး အပါအဝင် ဥပဒေ ပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက် ကြကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်း က အိန္ဒိယ ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံ ပြည်သူများအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရန် တိုက်တွန်းပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အိန္ဒယနိုင်ငံ၏ ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း၊ အရုနာချာ ပရာဒက်ရှ် တို့နှင့် ထိစပ်နေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။