စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြသူများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲမှုနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက စိုးရိမ်ကြောင်း ပြောဆိုလိုက်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များကအကြမ်းဖက် ဖြိုခွဲသည့် သတင်းများကြားသိရ၍ လွန်စွာ စိုးရိမ်မိသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန်း က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်း သပိတ် စခန်း ၆ ခုကို အာဏာ ပိုင်များ၏ အကြမ်းဖက် ဖြိုခွဲ ရှင်းလင်းမှုကြောင့် သံဃာတော် အပါး ၇၀ ကျော်၊ လူ ၅၀ ခန့် မီးလောင် ဒဏ်ရာများ အပါအဝင် ဒဏ်များစွာ ရရှိပြီး ဆေးကုသမှု ခံယူခဲ့ကြရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။