အာဆီယံ ခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးမှု ဖိုရမ် ၂၀၁၂ (ASEAN 100 Leadership Forum 2012 ) ကို ယနေ့ နေ့လယ် ၂ နာရီမှ စတင်ပြီး ဒီဇင်ဘာလ ၆ ရက်အထိ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန်အား ဖိတ်ကြားထားသော်လည်း တက်ရောက်နိုင်ခြင်းမရှိသဖြင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ ညနေ ပိုင်းတွင် တက်ရောက်ဆွေးနွေးမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလ ၆ ရက်တွင် တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဖိုရမ်ကို အာဆီယံ ဒေသအတွင်းရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များ၏ ခေါင်းဆောင်များ တက်
ရောက် လေ့ရှိပြီး ၂၀၀၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ယနေ့ ရန်ကုန်မြိုတွင် ကျင်းပသည့် ဖိုရမ်သည် ၉ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။